သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊ ကျောက်မဲမြို့အား စစ်ကောင်စီတပ် က ထိုးစစ်ဆင်နေသည့်အချိန် တခြား စစ်မျက်နှာပြင်၌ တိုက်ပွဲဝင်နေရသည့်အတွက်ဟု ဆင်ခြင် မပေးလိုကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ပြောဆိုထားသည်။
စစ်မိစ္ဆာအုပ်စု မြို့ထဲဝင်လာသည့်အချိန်ထိ မြို့ထဲ၌ ကျန်ခဲ့ပေးသော ရဲဘော်များ လည်းရှိခဲ့ပြီး ထို့ မတိုင်မီကလည်း မြို့အဝင်အထွက် စစ်ဆေးရေး တင်းကြပ်ခြင်း ၊ စစ်ကောင်စီ၏ လေကြောင်းရန် ကြောင့် ဒုက္ခရောက်သူများအား ကူညီကယ်ဆယ်ပေးခြင်း ၊ သူခိုး ၊ ဆေးသမား ၊ စစ်တပ် အတွက် အလုပ်လုပ်များအား ဖမ်းဆီးခြင်းတို့ကို Media တွင်မချပြဘဲ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထား သည်။
မြို့ကို အကြမ်းဖက်အုပ်စု ပြန်သိမ်းပြီးချိန်တွင်လည်း မိမိတို့၏ ခံယူချက်ဖြင့်ဖြစ်စေ ၊ အာဏာသုံး ဖိအားပေး စေခိုင်းမှုများကြောင့်ဖြစ်စေ စစ်အုပ်စုအား ကြိုဆိုနေကြသည့် မြင်ကွင်းများကြောင့် စိတ်မကောင်းဖြစ်မိပါသည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကျောက်မဲမြို့ပတ်ဝန်းကျင်အနီးအနား၌ပင်ရှိနေကြ ပြီး အချိန်တစ်ခုအတွင်း ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက်လာပါက ယခု စစ် အုပ်ကို ကြိုဆိုသည် ပိုမိုကြိုဆိုကြမည်ဟု မျှော်လင့်မိပါကြောင်း ကျောက်မဲ PDF က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media