သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ပြိုကျပြီး စစ်ဘေးရှောင်စခန်းတစ်ခုပေါ် ပိသွား ကာ အသက် ၁ နှစ်ခွဲ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း DANU STATE NATIONAL DEFENCE ARMY – DSNDA က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၄ ရက်နေ့က ရွာငံမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျခဲ့သဖြင့် စစ် ဘေးရှောင်တဲများပေါ် ပိသွားကာ အသက် ၇ နှစ် ၊ ၁၀ နှစ်၊ ၂၂ နှစ်၊ ၄၅ နှစ်၊ ၆၀ နှစ်အရွယ် အမျိုး သား ၅ ဦး၊ အသက် ၁ နှစ်ခွဲ၊ ၂၄ နှစ်၊ ၃၆ နှစ်၊ ၄၇ နှစ် ၊ ၆၅ နှစ်အရွယ် အမျိုးသမီး ၅ ဦးတို့ သေဆုံးခဲ့ ကြောင်း သိရသည်။
ထိုသို့ သေဆုံးသူ ၁၀ ဦး အနက် အသက် ၂၂ နှစ်အရွယ် ယောက်ျားလေး တစ်ဦးရုပ်အလောင်းသာ ရှာ ဖွေတွေ့ရှိထားပြီး ကျန်ရုပ်အလောင်းများမှာ ရှာဖွေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ တောင်ပြိုကျမှုကြောင့် သေဆုံးရသူသော ပြည်သူများမှာ ရွာငံမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ကာ စစ်ကြောင်းထိုးပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုကြောင့် တောတောင်အတွင်းထွက်ပြေးနေသည့် စစ် ရှောင်နေရသည့် မိဘပြည်သူများ ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media