တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ သိရ သည်။

၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက်၊ ရှမ်း/တောင် ကြက် ခြေနီ အသင်း ဥက္ကဌ အဖြစ် ရောက်ရှိတာသော လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ်ပယ်ခံရသူ ညီညီ သည် နိုင်ငံ တကာက ပေးအပ်ထားသည့် အကူအညီများ၊ ပြည်တွင်းပြည်ပ အလှူရှင်များက လှူဒါန်း ထား သည့် ငွေကြေး၊ ပစ္စည်းများနှင့် ကြက်ခြေနီအသင်းပိုင်ပစ္စည်းများကို ဈေးကွက်အတွင်းပြန်လည် ရောင်းချ ကာ ရရှိသည့်ငွေကြေးများကို ကိုယ်ကျိုးအတွက်အသုံးပြုနေကြောင်း သိရသည်။

“လေတပ်ကနေ ဗိုလ်မှူးအဆင့်နဲ့ ပြုတ်လာတာ။ တရုတ်နိုင်ငံအထိ သင်တန်းသွားတက်ဖူးတယ်။ တောင်ငူနဲ့မိတ္ထီလာလေတပ်မှာ နည်းပညာဆရာလို့ သိရတယ်။ တောင်ငူကနေ ရန်ကုန်မှော်ဘီလေ တပ်ကို ရောက်ပြီးမှ အလုပ်ပြုတ်ပြီး တောင်ကြီးကို အရပ်ဘက်တာဝန်နဲ့ ပြောင်းလာတာ။ တောင် ကြီးမြို့ အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်နားမှာ သန်းကြွယ်စတိုးဆိုင် ဆိုပြီး သူ့မိန်းက ဆိုင်ဖွင့် ထားတယ်။ ဆိုင်ကအကြီးကြီးပဲ၊ သန်းကြွယ်စတိုးဆိုင်က ၃ ဆိုင်ရှိတာ။ သူ့အမျိုးတွေရော ဖွင့်ထား ပုံရတယ်။ သူတို့ ထိုင်တာက ၂၁၂ ဆက်သယ်ရေးတပ်နားဆိုင်ပဲ ထိုင်တာ။” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

၎င်းသည် DSA အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်မှူး အဆင့်ဖြင့် ရန်ကုန်အခြေစိုက်မှော်ဘီ လေတပ်မှ အလုပ်ဖြုတ်ခံရကာ တောင်ကြီးမြို့အခြေစိုက် ရှမ်းပြည်နယ်တောင်ပိုင်း ကြက်ခြေအနီ အသင်း ဥက္ကဌအဖြစ် ပြောင်းရွှေ့ခံရသူဖြစ်ကြောင်း၊ ၎င်းတာဝန်ယူသည့်အချိန်မှစ၍ တခြားတိုင်းနှင့် ပြည်နယ်များမှ ကြက် ခြေနီအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ NGO အဖွဲ့အစည်းများကို ရှမ်း ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များအတွင်း ဝင်ရောက်ခွင့်မပြုပဲ ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

“ရှမ်း/တောင် ကြက်ခြေနီတပ်ဖွဲ့ကို ဖျက်ဆီးနေတဲ့သူပါ၊ ဥက္ကဌ ရာထူးပေးခဲ့တဲ့ သူငယ်ချင်းအရင်း ကိုတောင် ရုံးကနေ ဖယ်ရှားပစ်တာ။ စစ်ဘေးရှောင်တွေကို လှူထားတဲ့ ဆန်အိတ် ၆ ပြည်အိတ်ကို ၅ ပြည်ပဲ ထည့်ပေးပြီးခိုးတဲ့သူ။ အဆိုးဆုံးက ဖယ်ခုံ၊ မိုးဗြဲ၊ ဆောင်းပြောင်းဘက်က စစ်ရှောင်တွေအ တွက် WFP က ပေးတဲ့ ဆန်အိတ်တွေကို ရောင်းစားတာ။ ပြောမယ်ဆိုရင် ဒေသတွင်းမှာ NGO တွေ ဝင်မရတော့ ကြက်ခြေနီအဖွဲ့တွေဆီ ထိုးအပ်ပေးခဲ့ရတာတွေ ခိုးယူတာ၊ အဲဒီမှာ သူက လုပ်ချင်သလို လုပ်ခွင့်ရနေတာပေါ့” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

စစ်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ဖယ်ခုံမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ ဆီဆိုင်မြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းမှ ထွက်ပြေးလာပြီး တောင်ကြီးမြို့၌ စစ်ဘေးရှောင် များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် – WFP မှ ပေးအပ်ထားသည့် ဆန်အိတ်များကိုလည်း ပြန် လည်ရောင်းချကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း သိရသည်။

ထို့အပြင် တခြားတိုင်းနှင့်ပြည်နယ်အတွင်းရှိ ကြက်ခြေနီအသင်းအဖွဲ့များနှင့်လည်း မကြာခဏ စကား များ ရန်ဖြစ်ပြီး ကြမ်းတမ်းရုန့်ရင်းသော စကားများဖြင့် ဆဲဆိုတတ်ကြောင်း၊ ပြီးခဲ့သည့် ဩ ဂုတ်လ ၂၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် ကြက်ခြေနီအသင်းမှ မိန်းက လေး တစ်ဦးကိုလည်း ပါးရိုက်ကာ ယောက်ျားတစ်ဦးလည်း လက်သီးနှင့်ထိုးကြိတ်ခဲ့ကြောင်း သိရ သည်။

“လားရှိုးမြို့ကြက်ခြေနီအသင်းက မိန်းကလေးတစ်ဦးနဲ့ယောက်ျားလေးတစ်ဦးကို လူကြားထဲ လက် သီးနဲ့ ထိုးပြီး ပါးရိုက်တာ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းကပဲ၊ အဲဒီကိစ္စကတော့ နေပြည် တော် ကြက်ခြေနီ ရုံးချုပ်ကို တိုင်ထားတယ်လို့ သိရတယ်” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ယမန်နှစ်က ရှမ်းပြည်နယ်တောင်ပိုင်း ရေဘေးအန္တရာယ်ကြုံတွေ့ရသည့်အချိန်ကလည်း နိုင်ငံတကာ မှ အကူအညီများ၊ အလှူရှင်များ၏ ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချကာ ရရှိ သည့်ငွေကြေးများကို ပလီလင်းဘက်၌ မြေကွက်များ ဝယ်ယူခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ် စစ် ကိုင်းမြေငလျင် ဘေးကြုံစဉ်ကလည်း ရှမ်းတောင်ကြက်ခြေနီအသင်းထံ လှူဒါန်းခြင်းမပြုကြရန် ပြည်သူအချင်းချင်း တိုက်တွန်းသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မနှစ်က ကျွန်တော်တို့ ရှမ်းတောင် ရေဘေးအကြီးကျယ် ကြုံပြီးနောက် ရလာတဲ့ နိုင်ငံတကာက အ ကူညီတွေ‌ ပြည်တွင်းက အလှူရှင်တွေရဲ့ ပစ္စည်းတွေကိုလည်း စျေးကွက်ထဲကို ပြန်ရောင်းပြီးအမြတ် ငွေတွေကို တောင်ကြီးမြို့မြောက်ဘက်က ပလီလင်းမှာ မြေကွက်အများကြီး ဝယ်ထားတယ်၊ ပလီ လင်း ဆိုတာက စခနဲ့ PNO တွေ အုပ်စီးထားတဲ့ရွာ၊ ရွာခံမဟုတ်ရင် အဝင်တင် PSMS နဲ့စစ်တဲ့ရွာ။ ဒါတွေကို ပြည်တွင်းက အလှူရှင်တွေက ပြန်လည်ကြားသိလို့ အခုနှစ် ငလျင်ဘေးထပ်မံကြုံတွေ့ရ ချိန် ရှမ်းတောင် ကြက်ခြေနီဆို မလှူကြဖို့ အချင်းချင်းအသိပေးကြတာရှိတယ်။ ပုံရိပ်ကောင်းရှိခဲ့တဲ့ တောင်ကြီးအခြေစိုက် ရှမ်းတောင် ကြက်ခြေနီအသင်းက သူ့လက်ထက်မှာ ဆိုးဆိုးရွားရွားကို ပုံရိပ် ကျဆင်းနေပါတယ်” ဟု TGI Support Revolution မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Photo – ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌညီညီနှင့် ဇနီး

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...