Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ဇွန်လ ၂၃ ရက်နေ့က ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် မြေပြင်မှ စစ်သား၊ PNO ပြည်သူ့စစ်များပူးပေါင်းပြီး အင် အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ် ကြောင်း ၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မိုးဗြဲမြို့ အရှေ့ဘက်မှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“၂၃ ရက်နေ့က ဝင်လာတယ်။ ၂၄ ရက်နေ့ညနေစရှို့တာ၊ လက်ရှိအထိ ရွာထဲမှာ ရှိနေတုန်း၊ နေအိမ် ဘယ်လောက်ကုန်သွားပြီလည်း မသိရသေးဘူး။ မီးရှို့ခံရတဲ့နေအိမ်တွေက များတယ်။ စခတွေဘက် က အင်အားမျးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ပေးလိုက်ရတယ်။ လက်ရှိအထိလည်း ဂျက် ဖိုက်တာတွေနဲ့ ပျံဝဲပြီး ဗုံးကျဲနေတာတွေရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

ဆောင်နန်းခဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်၊ PNO ပူးပေါင်းစစ်ကြောင်းကို ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး – ကလလတ ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KNDF ၊ Loikaw PDF နှင့် ပျားစစ်ကြောင်း စသည့် တပ်ပေါင်းစုတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ထိခိုက်ကျ ဆုံးမှုရှိ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၅ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁...