Shan State News

Shan State News

နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲ ပြင်းထန် နေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဇွန်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်ကို စစ် ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် ဓနုပြည် သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီတပ်က နံနက် ၉ နာရီ ၁၉ မိနစ်မှ ၁၀ နာရီ ၇ မိနစ်အထိ Y12 လေယာဉ်ဖြင့် ဗုံး သီး ၂၂ လုံး၊ ဂျက်ဖိုက်တာဖြင့် ပေါင်း ၃၀၀ ဗုံးသီး ၂ လုံး၊ မွန်းလွဲ ၁ နာရီ ၅၉ မိနစ်တွင် ပေါင် ၅၀၀ ဗုံး  ၁ လုံး၊ ၁ နာရီ ၅၄ မိနစ်မှ ၂ နာရီ ၁၉ မိနစ်အထိ Y12 လေယာဉ်ဖြင့် ဗုံးသီး ၃၃ လုံး၊ ညနေ ၆ နာရီ ၅၁ မိနစ်မှ ၇ နာရီ ၁၄ မိနစ်အထိ Y12 လေယာဉ်ဖြင့် ဗုံးသီး ၂၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ကာ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသော ကြောင့် နေ့စဉ်တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံမှ အရပ်ကားဖြင့် ထွက်လာသည့် စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား...