Shan State News

Shan State News

မိုးမိတ်မြို့နယ်တွင် TNLA နှင့် SSPP/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး TNLA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ မိုးမိတ်မြို့နယ်တွင် TNLA တပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပြီး TNLA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီ ၁၄ မိနစ်က တစ်ကြိမ်၊ ၁၁ နာရီ ၃၆ မိနစ်တွင် တစ်ကြိမ် တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊ မိုးမိတ် မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း တအာင်း တပ်မ တော်-TNLA စစ် ကြောင်းထွက်ကင်းလှည့် နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့မှ လက်နက်ငယ်ဖြင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုအပြင် မွန်းတည့် ၁၂ နာရီ ၃ မိနစ်တွင်လည်း တအာင်းတပ်မတော်-TNLA စစ်ကြောင်းတည်ရှိရာ ကို လက်နက် ကြီး တစ်လုံး ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း TNLA တပ်ဖွဲ့၏ တပ်စခန်းတစ်ခုဖြစ်သော ဟူးဆွန်တောင် စခန်းတွင် တအာင်းတပ်မတော် -TNLA ၏ တပ်သားလှစ်ဟာနေချိန် အခွင့်ကောင်းယူပြီး ရှမ်းပြည် တိုး တက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့က နေရာဝင်ယူခဲ့သောကြောင့် တအာင်းတပ်မတော်-TNLA တပ်ဖွဲ့မှ စခန်းသို့ တက်လာစဉ် SSPP/SSAတပ်ဖွဲ့က တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ညောင်ဦးမြို့မှ တင့်ကား ၃ စီးပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊  စစ် ကြောင်းထိုးလှုပ်ရှားနေမှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၄   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မှ တင့်ကား ၃...