Shan State News

Shan State News

MNDAA နှင့် SSPP/SSA တို့ကြားဖြစ်ပွားခဲ့သည့် ပြသနာများကို တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNTJP/MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဖြစ်ပွားခဲ့သည့် ပြသနာများကို တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရရှိခဲ့ပြီ ဖြစ်ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

 

ဇွန်လ ၁၇ ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးဒေသ ၁ သိန္နီခရိုင် ၊ သံလွင်ကျေးရွာ၌ မြန်မာ အမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ် တပ်တော် (MNTJP/MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ် မတော် (SSPP/SSA) တို့အကြား ဖြစ်ပွားခဲ့သည့် ပြသနာများကို ဖြေရှင်းနိုင်ရန် အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြု လုပ်ခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးအပါအဝင် ကိစ္စရပ်များစွာတွင် သဘောတူ ညီမှု များရရှိခဲ့ကြောင်း သိရသည်။

“အိမ်နီးချင်းနှင့် ချစ်ကြည်ရေးတည်ဆောက်ခြင်းက ကျွန်ုပ်တို့အဖွဲ့အစည်းရဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းကို အလေးထားခြင်းကလည်း ကျွန်ုပ်တို့ရဲ့ ရိုးရာအနှစ်သာရနဲ့ အလုပ် လုပ်ပုံ စနစ် ဖြစ်ပါတယ်၊ MNDAA အနေနဲ့ အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက် နက်ကိုင်အဖွဲ့အစည်းနဲ့ မဆို ပဋိပက္ခ ဖြစ်ပွားလိုခြင်း မရှိပါဘူး။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကို င်အဖွဲ့အစည်းအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုပါတယ်၊ ဒါ့အပြင် MNDAA အနေနဲ့ အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဖိနှိပ်ဖို့ ဘယ်သောအခါမှ စိတ်ဆန္ဒမရှိခဲ့သလို၊ အခုလည်း မရှိပါဘူး၊ အနာဂတ်မှာလည်း လုံးဝ ရှိလာမှာ မဟုတ်ပါဘူး” ဟု MNDAA ဒုတိယစစ်ဦးစီးချုပ် Mr. Peng De Jun ကပြောကြားသည်။

 

ယင်းတွေ့ဆုံပွဲတွင် လတ်တလောဖြစ်ပွားခဲ့သည့် မြင်ကွဲလွဲမှုမျးနှင့် သဘောထားကွဲလွဲမှုများကို နက်နက်ရှိုင်းရှိုင်းဆွေး နွေး ဖလှယ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက်စလုံးက သမိုင်းကြောင်းအရ ရင်းနှီးသော ညီအစ်ကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် ယခင်မျိုးဆက်များ တည်ဆောက်ခဲ့ သော တော်လှန်ရေးရိုးရာ မိတ်ဖွဲ့မှုကို ထိန်းသိမ်းရန်တာဝန်ရှိကြောင်း၊ “ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” ဆိုသည့် နိယာမကိုလက်ကိုင်ထားကာ ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

 

နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းရေး ပြေလည်ပြီးနောက် ရှေ့ဆက်၍လည်း ဆက်ဆံရေး ပိုမိုအဆင်ပြေ စေရန် အတွက် အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့စည်းရန် သဘောတူညီခဲ့ပြီး နှစ်ဖက် အလုပ်အဖွဲ့များ၏ ဆက်သွယ်ရေး တာဝန်ရှိသူများကို ချက်ချင်း သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ၇၁၀ ရှေ့တန်းဒုတိယ ကွပ် ကဲရေးမှူး Mr. Bao Ni Guo သည် တတိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ အစည်းအဝေးတွင် တက်ရောက်ကာ ဆွေးနွေးမှုရလဒ်များကို သက်သေခံခဲ့ကြောင်းသိရသည်။

ထို့အပြင် MNDAA မှ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ် Mr. Peng De Jun ၊ အထူးဒေသ(၁) အုပ်ချုပ် ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် Mr. Song Kecheng ၊ပြင်ပဆက်ဆံရေးဌာန ဌာန မှူး ဗိုလ်မှူးချုပ် Mr. Peng Kun ၊ မဟာမိတ်တပ်တော် စစ်ဦးစီးဌာန စစ်ဦးစီး ဗိုလ်မှူးချုပ် Mr. Lan Tian En ၊ စစ်ဦးစီးဌာန ဒုတိယစစ်ဦးစီး ဗိုလ်မှူးကြီး Mr. Gao Shi Qi ၊ သိန္နီခရိုင် အုပ်ချုပ်ရေးကော် မတီ အတွင်းရေးမှူး Mr.Peng Xin qiang ၊ အထူးဒေသ ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး Mr.Li Shi qiang ၊( ၂၁၁ )တပ်မဟာမှူး ဗိုလ်မှူးကြီး Mr.Luo Jia kuan ၊( ၃၁၁ )တပ်မဟာမှူး ဗိုလ်မှူးကြီး Mr. Lu Zu mao ၊( ၅၁၁ )တပ်မဟာမှူး ဗိုလ်မှူးကြီး Mr. Yin Cheng jun ၊( ၆၁၁ )တပ်မဟာ ဒုတိယ တပ်မဟာမှူး ဗိုလ်မှူးကြီး Luo You qiang ၊ ပြင်ပဆက်ဆံရေးဌာန ဒုဌာနမှူး Mr.Li Jia kuan နှင့် Mr.Zi Guo xiang တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရှမ်းပြည်တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို ( ပထမ ) ဒုတိယတပ်မှူးချုပ်ဗိုလ်ချုပ်ကြီး ဦးနိုင်ဖ (Nai Pa)ဦးဆောင်ခဲ့ပြီး အဖွဲ့ဝင်များတွင်( စတုတ္ထ ) ဒုတိယတပ်မှူးချုပ်ဗိုလ်ချုပ် ဦးဝမ်း အောင်း (Wen Ang) ၊ ဗဟိုစစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ် ဦးဆမ်ဖ (San Pa)၊( ၉၈၉ )တပ်မဟာ နိုင်ငံရေးမှူး ဗိုလ်မှူးကြီး ဦးဟန်ကမ်း (Han Kan)၊( ၉၇၉ )တပ်မဟာ နိုင်ငံရေးမှူး ဗိုလ်မှူးကြီး ဦးဆမ်ဂျော (San Jue) နှင့်( ၇၃၈ )တပ်မဟာ နိုင်ငံရေးမှူး ဗိုလ်မှူး ဦးလောင်က (Lao Ka) အပါအဝင် စုစုပေါင်း (၁၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဤတွေ့ဆုံမှုကို လက်တွေ့ကျ၍ ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်အတွင်း ကျင်းပခဲ့ပြီး နှစ်ဖက် စလုံး၏ အငြင်းပွားမှုများကို ထိန်းချုပ်ရန်နှင့် ပဋိပက္ခနည်းပါးစေရန် ဆွေးနွေးပွဲစကားဝိုင်းမှတစ်ဆင့် ကြိုးပမ်းအားထုတ်မှု၏ အပြုသဘောဆောင်သော သဘောထားကို အပြည့်အဝပြသခဲ့ကြောင်း၊ ညီ အစ်ကို လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြန်အလှန် ကူညီထောက်ပံ့ခြင်းနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့ပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး တည်ငြိမ်စေရန် ခိုင် မာသော အခြေခံအုတ်မြစ်ကို ချပေးခဲ့ကာ နှစ်ဦးနှစ်ဖက်ကြား တော်လှန်ရေးမိတ်ဖွဲ့မှုကို နောက်ထပ် တစ်ဆင့် မြှင့်တင်ပေးခဲ့သည်ဟုဆိုသည်။

 

ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ခေါင်းဆောင်များက ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ပြီး နေ့လည်စာ အတူတကွ စားသောက်ခဲ့ကြကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ် ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲ အား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည် ကျွန်းစုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိ မြို့နယ်မှ...