ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂ ခုအတွင်းရှိ ပြည်သူ ၆၀၀၀ ကျော်ကို PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းမှ မောင်းထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း၌ ထိန်းချုပ်
သံလွင်မြန်မာသတင်း
ဇွန်လ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂ ခုအတွင်မှ ပြည်သူ ၆၀၀၀ ကျော်ကို PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းမှ မောင်း ထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းနေကြောင်း PNLA သတင်းနှင့် ပြန်ကြား ရေးဌာနထံက သိရသည်။
ဇွန်လ ၇ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ၊နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်ထော် ၆ ရွာ ၊ က လားလမ်ရွာတို့တွင် နေထိုင်သည့် ပြည်သူ ၆၀၀၀ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားကာ ကျေးရွာအတွင်းမှ အပြီးထွက်ခွာကြရန် PNO ပြည်သူ့စစ်များက မောင်းထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ဒီလိုလိုလုပ်တာ လူထုကို တော်လှန်ရေးနဲ့အဆက်အသွယ်ပြတ်အောင်၊ တော်လှန်ရေးနဲ့ ထူထု ထိစပ်မှုမရှိအောင် လုပ်ချင်တာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလိုမျိုးလုပ်တယ်ဆိုတာက ပြည်သူ လူထုရဲ့ ရပ်ရွာ၊ ဥစ္စာစည်းစိမ်ကို ဖျက်ဆီးချင်တဲ့အတွက်လုပ်တယ်လို့ပဲမြင်ပါတယ်။ PNO ဆိုတာက စစဖွဲ့တုန်းက ပြည်သူလူထုကြားကနေပေါက်လာတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကျွေးတဲ့ ထမင်းကို စားပြီးတော့မှ ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ သို့ပေမယ့်လည်းလက်ရှိအချိန်မှာ ကိုယ် ကျိုးစီးပွားအတွက်နဲ့ ပြည်သူ့စစ်အဖွဲ့အဖြစ်ခံယူထားတဲ့အဖွဲ့ဖြစ်တယ်ပေါ့၊ အခုတော့ ကိုယ်ကျိုးစီး ပွားအတွက်နဲ့ ပြည်သူလူထုကို ပြန်လည်မောင်းထုတ်နေတဲ့၊ ကျေးဇူးနေတဲ့အဖွဲ့ဖြစ်ပြီလို့ ဒေသခံတွေ ပြောတဲ့အတိုင်းပဲ ပြောရမှာပဲဖြစ်ပါတယ်။”ဟု PNLA သတင်းနှင့် ပြန်ကြား ရေးဌာန သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။
ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွာပြီးနောက် တောင်ယာနှင့် စစ်ဘေးရှောင်စခန်းများ၌ သွား ရောက်ခြင်းနေထိုင်ခြင်း မပြုပဲ ၎င်းတို့ထိန်းချုပ်ထားရာ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာရှိ မွေတော် ဘုရားဝန်းအတွင်း၌သာ နေထိုင်ရမည်ဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တွင် အပြီးထွက်ခွာခြင်းမပြုသူ များအား တာဝန်ယူမည်မဟုတ်ဟု ကျေးရွာများသို့ ပေးပို့စာတွင် ဖော်ပြထားကြောင်း သိရသည်။
“သူတို့စာအရဆိုရင် ပြည်သူလူထုက စစ်ဘေးဒဏ်မခံချင်လို့ စစ်ဘေးရှောင်စခန်းသွားနေတာတို့ တောင်ယာထဲသွားနေတာတွေကိုလည်း သူတို့မပေးလိုဘူး၊ အဲဒီမွေတော်ဘုရားဝိုင်းထဲကိုအကုန် လုံးသွားစုရမယ်ဆိုတဲ့ အမိန့်မျိုးပေးလာတာဖြစ်ပါတယ်။ ဒါက ကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထု အားလုံးကို ဖမ်းပြီးတော့ ထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ PNO အနေနဲ့က ဒါကို ပြန်စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းကစတင်တည်ထောင်ခါကစတည်းက လူထုရဲ့ ထမင်း နဲ့ကြီးထွားလာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့၊ အခုကျတော့ ခရိုနီနွေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်း ကိုယ့်ပအိုဝ်းလူမျိုးကို ဒီလိုမောင်းထုတ်နေရတာ၊ ပြန်ဖမ်းနေရတာ လုပ်ရက်ကြ သ လား၊ လိပ်ပြာလုံရဲ့လားဆိုတာ ကိုယ့်ဘာသာကို ပြန်မေးဖို့လိုပါတယ်။” ဟု PNLA သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူခွန်းရိန်းယံက ပြောဆိုသည်။
PNO ပြည်သူ့စစ်များ မောင်းထုတ်ခဲ့သည့် ကျေးရွာအချို့မှာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား သည့် ကျေးရွာအချို့ပါပြီး အချို့မှာ PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့် ကျေးရွာလည်းပါဝင် ကြောင်း၊ အကြောင်းကြားစာပေးပို့ပြီးနောက် အချို့ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media