ညောင်ရွှေမြို့နယ်တွင် အင်းအား ၁၀၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ PNO ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိ၊ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဇွန်လ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် အင်အား ၁၀၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား၊ PNO ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်က ပြည်သူ့နေ အိမ် ၁၀ လုံးထက်နည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၁၀၀၉ တပ်ရင်း -အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂ ရက် နံနက် ၈ နာရီခန့်က ညောင်ရွှေမြို့နယ် ၊ ဘုရားတောင်ကျေးရွာနှင့် ရေပူ ကျေးရွာဘက်သို့ အင်အား ၁၀၀၀ ထောင်ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၉ တပ်ရင်း -အင်းလေးပြည်သူ့ ကာကွယ်ရေးတပ်မှ ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီခန့်အထိ ကြာ မြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား၊ PNO ပြည်သူ့စစ်မျး ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အတိအကျသိရှိရခြင်းမရှိကြောင်း၊ အင်အးမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ ရေပူကျေးရွာမှ ဆုတ်ခွာပေးခဲ့ရပြီး မည်သူတစ်ဦးတစ်ယောက်မျှ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။
“ခွေးတွေ ထိခိုက်သေဆုံးတာရှိပါတယ်။ အရေအတွက်တော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ နေအိမ်မီးရှို့တာလဲ ၁၀ လုံးထက်မနည်းဘူး။ လက်ရှိခွေးတွေက ရေပူ၊ ဘုရားတောင်ရွာတွေနားမှာ ရှိနေပါတယ်” ဟု အမှတ် ၁၀၀၉ တပ်ရင်း -အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ဆုတ်ခွာပေးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တပ်များက ရေပူနှင့် ဘုရားတောင်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရေပူကျေးရွာ မြောက်ဘက်ခြမ်းနှင့် ဘုရားတောင်ကျေးရွာရှိ ဦးဇော်ဇော်ထွန်း၊ ဦးရာကျော် ၊ ဦးအောင်လင်းဦးနှင့် ဦး ကျော်နိုင်ဦးတို့ အိမ်များကို စတင်မီးရှို့ရာ ဘေးပတ်ဝန်းကျင်နေအိမ်များကိုလည်း မီးကူးစက်လောင် ကျွမ်းသွားပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNA တပ်များ၏ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးသည့် လုပ်ရပ် များကို အမှတ် ၁၀၀၉ တပ်ရင်း -အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြင်းထန်စွာရှုံချပါ ကြောင်း ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်များကို ကာကွယ်စောင့်ရှောက်ရင်း တရားမျှတမှုရရှိ အောင် တော်လှန်ရေးအောင်မြင်သည်အထိ အင်တိုက်အားတိုက် ကြိုးစားတိုက်ခိုက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media