Shan State News

Shan State News

ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာတွင်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဒရုန်း ၂ စီးကို ပစ်ချ၊ စစ်ကောင်စီတပ်က စန့်စွဲကျေးရွာ ပြည်သူ့နေအိမ်များကို  မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

မေလ ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာမှု ကြောင့် တိုက်ခိုက်ခဲ့ရာ စစ်တပ် ဒရုန်း ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး စစ်တပ်၊ PNO ပူးပေါင်းအဖွဲ့က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံ PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

မေလ ၆ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်း အင်အား ၂၀၀ ဝန်း ကျင် ဖြင့် ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာဘက်သို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ စစ်ကြောင်းထိုးလာခဲ့ခြင်းကြောင့် ဖယ်ခုံ (၁၀၀၆တပ်ရင်း) အပါအဝင် မဟာမိတ်တော်လှန်ရေး တပ် ပေါင်းစုများက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့သည် အိမ်ခြေ ၃၀၀ ခန့်ရှိသော စန့်စွဲကျေးရွာရှိ ပြည်သူ့ နေအိမ်များကို အဆက်မ ပြတ် မီးရှို့နေခဲ့ပြီး မေလ ၉ ရက်နေ့တနေ့တည်းပင် အိမ်ခြေ ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

 

တိုက်ပွဲအတွင်း စစ်အုပ်စု၏ တိုက်ခိုက်ရေးဒရုန်း ၂ စင်းကို တော်လှန်ရေးတပ်ပေါင်းစုများက ပစ်ချနိုင် ခဲ့ပြီး ဖယ်ခုံ(၁၀၀၆တပ်ရင်း) မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူလူထုကို ဦးတည်ကာ ကျေးရွာများအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး မိဘပြည်သူများအနေဖြင့် စစ် ရေး အသိ သတိရှိစွာဖြင့်နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

Photo = အကြမ်းဖက်စစ်ကောင်စီတပ်နှင့်PNOပြည်သူ့စစ်တို့မှ စန့်စွဲကျေးရွာရှိ ပြည်သူနေအိမ်များ အား မီးရှို့ဖျက်ဆီးနေခြင်း မှတ်တမ်း

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့...