Shan State News

Shan State News

ရွာငံရဲစခန်းအချုပ်ထဲတွင် တပ်မ ၅၅ စစ်သားများက အသက် ၂၃ နှစ်အရွယ် မမိုးမိုးကိုနည်းမျိုးစုံ ရိုက်နှက်စက်သည့်အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်း၊ ရင်သားကို ခါးပတ်ဖြင့်ရိုက် နှက်နှိပ်စက်ခြင်းတို့လုပ်ဆောင်၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံရဲစခန်းအချုပ်ထဲတွင် တပ်မ ၅၅ စစ်သားများ အသက် ၂၃ နှစ်အရွယ် မမိုးမိုးကိုနည်းမျိုးစုံ ရိုက် နှက်စက်သည့်အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ် ဖြင့်ထိုးသွင်း၊ ရင်သားကို ခါးပတ်ဖြင့်ရိုက် နှက်နှိပ်စက်ခြင်းတို့လုပ်ဆောင်၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အစီရင်ခံစာထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ရွာငံမြို့နယ်ဘက်မှ ရွာငံ-သာစည်နယ်စပ် တော အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် မေလ ၆ ရက်နေ့တွင် သာ စည်မြို့နယ်၊ မျက်ခါးအင်း ကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မျက်ခါးအင်းကျေးရွာသို့မရောက်မီ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများသည် တောထဲ တွင် စစ်ဘေး ရှောင်နေရသော အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် ရွာခံအမျိုးသမီးငယ် ၃ ဦးကို စစ် ကောင်စီတပ်သားများမှ အုပ်စုလိုက် အဓမ္မ ကျင့်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက်စစ်ကောင်စီတပ်သားများသည် တောထဲမှထွက်ခွာသွားခဲ့ကြပြီး တောထဲတွင်ငိုယိုနေသော အမျိုးသမီး ငယ်တို့ကို ရွာသားများကတွေ့ရှိခဲ့သဖြင့် စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါနေရောအနီးတွင် အ မျိုးသမီးအတွင်းခံများကိုလည်း တွေ့ရှိခဲ့ကြပြီး အမျိုးသမီးငယ်တစ်ဦးမှ သူမ၏ မိသားစုကိုပြန်လည် ပြောကြားချက်အရ စစ် ကောင်စီတပ်သား ၆ ဦးမှ ၄င်းတို့ကိုအဓမ္မကျင့်ခဲ့ကြခြင်းကို သိရှိခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။

 

အသက် ၂၃ နှစ်အရွယ် မမိုးမိုးသည် ရွာငံဒေသနေ စစ်ရှောင်ကူညီသူတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနစ်တွင် စစ်ကောင်စီ၏ တပ်မ ၅၅ မှ နေအိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းကိုခံခဲ့ရကြောင်း၊ ထို့နောက်ရွာငံ ရဲစ ခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်သားများမှ သူမအားနည်းမျိုးစုံဖြင့် ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း သိရသည်။

 

ထိုစဥ်က သူမနှင့်အတူဖမ်းဆီးခဲ့ရပြီးပြန်လည်လွတ်မြောက်လာသူ အမျိုးသမီး၏ ပြောကြားချက်အရ စစ်ကောင်စီ တပ်သားများသည် မမိုးမိုး၏ အမျိုးသမီးအင်္ဂါအတွင်းတို့ ပြင်ပပစ္စည်း များဖြင့် ထိုးသွင်း မှုများ၊ ရင်သားအား ရိုက်နှက်မှုများကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရွာငံရဲစခန်းသည် အချို့သောအကျဉ်းသူများကို ၄င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက အမျိုး သမီး လစဥ်သုံး ပစ္စည်းများ ဝယ်ယူခွင့်ကို ပိတ်ပင်တတ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
NUG News

NUG News

စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို နေအိမ် လုပ်ငန်းခွင်၊ စစ်ဆေးဂိတ်များတွင် စစ်တပ်က စီမံချက် ဖြင့် ဖမ်းဆီးနေ   သံလွင်မြန်မာသတင်း ဧပြီလ ၂၉   စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို နေအိမ် ၊ လုပ်ငန်းခွင်၊ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်က စီမံချက်ဖြင့် ဆက်တိုက်ဖမ်းဆီးနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ...