Shan State News

Shan State News

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သားများ ပြန်ဆုတ်ပြေး

 

D Day News

စက်တင်ဘာလ ၇

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သားများ ပြန်ဆုတ်ပြေးသွားကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၅ နာရီခန့်က ကျောက်ဂူရဲစခန်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအား စစ်ကူပေးရန်လာရောက်သည့် စစ်ကြောင်းနှင့် ၂ ကြိမ်ထပ် ထံ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂူရဲစခန်းကို စစ်ကူပေးရန်လာရောက်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၃ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် ဓနုပြည်သူ့လွတ်မြောက် ရေး တပ်တော် (DPLA) က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပြန်ဆုတ်ပြေးသွား ကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုအသေးစိတ်အခြေအနေတော့ မသိရသေးဘူး၊ ရပ်စောက်ကနေ စစ်ကူလာတဲ့ အဖွဲ့ တွေကတော့ ပြန်ဆုတ်သွားပြီ။ ကျောက်ဂူရဲစခန်းမှက စကစတွေရှိနေသေးတယ်။ ပထမ အဲဒီ‌ ကျောက်ဂူစခန်းက စခတွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ထပ်ပြီး တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ကြိုုးပမ်းကြမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။ မကြာသေးခင်ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...