Shan State News

Shan State News

ရွာငံမြို့နယ်၊ ရေလှကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဌေးလွင်နေအိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရွာငံမြို့နယ်၊ ရေလှလေးကျေးရွာနေ ပျူစောထီး ခေါင်းဆောင်ဌေးလွင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ ကြောင်း DANU STATE NATIONAL DEFENCE ARMY – DSNDA တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၈ ရက်နေ့က ရွာငံမြို့နယ်၊ ရေလှကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဌေးလွင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီးခေါင်းဆောင်ဌေးလွင်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး နေအိမ်အတွင်းမှ သေနတ် ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူက အိမ်ထဲကနေထွက်ပြေးသွားလို့ မမိလိုက်ဘူး။ သူက လက်နက်အားကိုး၊ စစ်တပ်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်နေသူပါ၊ စစ်တပ် စစ်ကြောင်းထိုးရင်လည်းလမ်းပြလုပ်ပေးတယ်။ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါမှာလည်း သူက ပြည်သူပိုင်ပစ္စည်းတွေခိုးတာတွေ လုပ်ပါတယ်” ဟု DANU STATE NATIONAL DEFENCE ARMY – DSNDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

 

ပျူစောထီးခေါင်းဆောင်ဌေးလွင်သည် ပြည်သူများကို သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ခြင်း၊ မကျေ နပ် သူများကို လက်နက်အားကိုးဖြင့် ထိုးကြိတ်အနိုင်ကျင့်ခြင်း၊ ကျေးရွာ၊ရွာသားများ ကြောက်လန့် စေရန် သေနတ်ပစ်ဖောက်ခြောက်လှန့်ခြင်းတို့ အမြဲလုပ်ဆောင်လေ့ရှိသည့်အပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရာတွင်လည်း လမ်းပြအဖြစ် လိုက်ပါခြင်း၊ ပြည်သူ့နေအိမ်များအတွင်းမှ ပစ္စည်းများကိုလည်း ခိုးယူခြင်းစသည့် ပြစ်မှုများ ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...