Shan State News

Shan State News

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်း ဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာကို ပစ်မှတ်ထားကာ လေကြာင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၈ ရက် ညနေ ၃ နာရီခန့်က ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ ကျောက်ဂူ အမြောက် တပ်- အမတ ၃၄၉ အနီးတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA နှင့် စစ် ကောင်စီတပ် တို့ကြား ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြည်သူလူ ထုနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာမှ အရပ်သားပြည် သူ တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲထဲမှာ စကစဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်တော့ မသိရသေးဘူး။ ကျနော်တို့ဘက်  က ရဲဘောတွေ အားလုံးဘေးကင်းပါတယ်။ ဒီနေ့နေ့လည်ပိုင်းအထိကတော့ တိုက်ပွဲဆက်ဖြစ်နေ တုန်းပါ။ ညနေပိုင်းမှာတော့ ခွေးတွေ ပြန်ဆုတ်သွားလို့ ငြိန်သွားတယ်လို့ သိရပါတယ်။ စစ်ခွေး‌တွေ ဘက်က လေကြောင်း၊ လက်နက်ကြီးအသားကုန်အသုံးပြုနေပါတယ်။ လေကြောင်းကနေ ဒရုန်း၊ လေယာဉ်နဲ့ချတာတွေက ရွာတွေတွေထဲချတာ တော်တော်များတယ်။ တိုက်ပွဲအခြေအနေက ဆက် လက်ဖြစ်ပွားနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးမနေကြဖို့ ၊ လက်နက်ကြီး၊ လေကြောင်း အန္တရာယ်တွေကို ဂရုပြုကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဂူဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ် ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်မီးခတ် ကျေးရွာဘုန်း ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူအမျိုးသား ၁ ဦး ဒဏ်ရာရ   ရန်ကုန်၊ ဇွန် ၁၂   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ အမျိုး သားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA...