Shan State News

Shan State News

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ တိုက်ပွဲတွင် စစ်တပ်က ဓာတုအဆိပ်ဗုံး အသုံးပြု တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင်များ မူးဝေအော့အန်ဝေဒနာခံစားရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၉

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ တပ်က ဓာတုအဆိပ်ဗုံးအသုံးပြုကာ တိုက်ခိုက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မူးဝေအော့ အန် ဝေဒနာခံစားခဲ့ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံကနေ သိရပါ တယ်။

 

ဒီဇင်ဘာလ ၇ ရက် ညနေ ၄ နာရီက ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ကျောက်ဂူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမတ ၃၄၉ ၊ နောင်ဝိုးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၉၂ နဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသကို စစ်ကူသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ် ကြောင်းတို့ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာလို့ ဒရုန်းအသုံးပြုကာ ဓာတုအဆိပ်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဓာတုအဆိပ်ဗုံးအသုံးပြတိုက်ခိုက်တာကြောင့် ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်တော် (DPLA)တပ်ဖွဲ့ဝင်တွေ ဓာတုအဆိပ်သင့်ကာ မူးဝေအော့အန်တာဖြစ်ခဲ့ပေမယ့် အခုတော့ သက်သာနေပြပြီလို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA ကတာဝန်ရှိသူတစ်ဦး က ရှင်းပြပါတယ်။

 

“လေယာဉ်နဲ့မဟုတ်ဘူး၊ ဒရုန်းနဲ့ချတာ၊ နေ့တိုင်းတိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ ဓာတုအဆိပ်ဗုံးက တော့ ဒီဇင်ဘာလ ၇ ရက်နေ့တစ်ရက်တည်းချတာပါ။ ဓာတုအဆိပ်သင့်တဲ့ ရဲဘော်တွေလည်း အခု တော့ သက်သာပါပြီ။ နေ့စဉ်ထိတွေ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းထုတ်ပြန် သွားမှာပါ” လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြ ထားတာပါ။

 

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့ တို့ကြား တိုက်ပွဲဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှစလို့ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေတာဖြစ်တယ် လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့၊ ရှရော်ခ၊ ညောင်ပင်ကုန်းစခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ဖားကန့်မြို့၊ ရှရော်ခ၊ ညောင်ပင်ကုန်းစခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခ၊ ညောင်ပင်ကုန်းရွာ စစ်တပ်စခန်းကို KIA တပ်ဖွဲ့က ပြန် လည် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ကလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၅ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့် ဖားကန့်မြို့...