Shan State News

Shan State News

ဟိုပုံးမြို့နယ်၊ မန်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်သတ်ပြီး တွဥဖက်စာရေးဖြစ်သူကို RCSS တပ်ဖွဲ့က ဖမ်းဆီးသွားဟု SSPP ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မန်ပုံကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ် ဖြတ်ပြီး တွဲဖက်စာရေးဖြစ်သူကို RCSS တပ်ဖမ်းဆီးသွားကြောင်း SSPPက ထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခွဲခန့်တွင် ဟိုပုံးမြို့နယ်၊ နားပုံကျေးရွာဖုန်းကြီးကျောင်းတွင် ဒေသနေ ပြည် သူများ ရှမ်းနှစ်သစ်ကြိုဆိုပွဲ ကျင်း ပပြုလုပ်နေစဉ် အုပ်ချုပ်ရေးမှူး စိုင်းစံ အောင်သည် ပွဲခင်းထဲ မှ နားပုံကျေးရွာ ရွာသူကြီးနေအိမ်သို့ အလည်သွားကြောင်း၊ ထို့နောက် ည ၁၀ နာရီခွဲအချိန်တွင် ရွာ သူကြီးအိမ်မှ မော်တော် ဆိုင်ကယ်ဖြင့် ၎င်း၏ နေအိမ်သို့ အပြန် နားပုံကျေးရွာ၏ နတ်စင် အနောက် ဘက် အရောက် RCSS တပ်ဖွဲ့မှ ချောင်း မြောင်းလုပ်ကြံပစ်ခတ် လိုက်သောကြောင့် အခင်းဖြစ်ပွား နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အသက် ၂၈ နှစ်အရွယ် အုပ်ချုပ်ရေးမှူး စိုင်းစံအောင်သည် ဟိုပုံးမြို့နယ် ၊ နားပုံကျေးရွာ အုပ်စုက အများပြည်သူ ရွေးချယ်တင်မြှောက်ထားရသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန် ထမ်း ဆောင်သူဖြစ်ပြီး အများပြည်သူ ကြည်ညိုလေးစားသည် ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ထို့အပြင် စိုင်းစံ အောင်နှင့်တွဲဖက် စာရေးတာဝန်ထမ်းဆောင်သူ နားပုံကျေးရွာနေ အသက် ၃၁ နှစ်အရွယ် စိုင်းပန်တိ ကိုပါ RCSS တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း SSPP က ထုတ်ပြန်ထားသည်။

 

ယခုချိန်ကာလသည် ရှမ်းတပ် နှစ်ဖွဲ့ အပစ်ရပ်ပြီး အမြန်ဆုံးပေါင်းစည်းနိုင်ရန် ရှမ်းပြည်သူလူထုမှ ကြားဝင်စေ့စပ်ပေးနေစဉ်ကာလဖြစ်ပြီး ရှမ်းတပ်နှစ်ဖွဲ့ ပေါင်း စည်းနိုင်ရေးအတွက် ရှေးရှုကာ နှစ် ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် SSPP/SSA အနေဖြင့် ထိန်းသိမ်းခဲ့သော် လည်း RCSS တပ်ဖွဲမှ အခွင့်ကောင်းအဖြစ် အသုံးချကာ တပ်စခန်းများ ၊ တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများကို အကြိမ် ကြိမ် တိုက်ခိုက်သတ်ဖြတ် ဖမ်းစီးနေခြင်းဖြစ်ကြောင်း SSPP က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...