Shan State News

Shan State News

နောင်ချိုမြို့နယ်၊ အင်ဝိုင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ အင်ဝိုင်းကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါးပျံလွန်တော်မူ ပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါ တယ်။

 

နိုဝင်ဘာလ ၂၄ ရက် ည ၈ နာရီက နောင်ချိုမြိုနယ် အင်းဝိုင်းကျေးရွာထဲကို အကြမ်းဖက် စစ်ကောင် စီတပ်က လက်နက်ကြီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ် ကောင်စီ တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်၊ အဆောက်အအုံအများအပြားလည်း ပျက်စီးခဲ့ပါတယ်။

 

မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ရှောင်ရှားနိုင်ရန် စစ်ရေး သတိရှိကြဖို့ လိုအပ်သလို လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေး ထုတ်ပြန်ချက်တွေ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

Than Lwin Myanmar

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...