Shan State News

Shan State News

နောင်ချိုမြို့ကို စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

 

D Day News

နိုဝင်ဘာလ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့ကို အကြမ်းဖက်စစ်တပ် က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက် ညနေ ၃ နာရီခန့်က နောင်ချိုမြို့နယ်၊ ကုန်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ် က ဂျက်ဖိုက်တာ တိုက်လေနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲကာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

အလားတူပဲ နိုဝင်ဘာလ ၂၀ ရက်  ညသန်းခေါင်ယံအချိန်မှာလည်း  နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာ ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲချခဲ့ရာ ကျေးရွာအတွင်း ပေါင် ၅၀၀  ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ‌ အမျိုးသား ၁ ဦး ထိမှန်သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကိုအသုံးပြုပြီး ပြည်သူလူထုကို ဦးတည်ကာ နေ့စဥ် ရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြည်သူ ၁၇ ဦး သေဆုံးကာ ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား လည်း ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောပါတယ်။

 

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိဖို့၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေ လိုက်နာဆောင်ရွက်ကြဖို့ ဆက်လက် တိုက်တွန်းထားပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...