Shan State News

Shan State News

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး စက်ရုံ ဂိုဒေါင်မီးလောင်ကာ အဆောင်အချို့ပျက်စီး

 

D Day News

နိုဝင်ဘာလ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်ကလေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး စက်ရုံဂိုဒေါင်မီးလောင် ကာ အဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

နိုဝင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချို မြို့နယ် ၊ ဆမ္မဆယ်ကျေးရွာ အင်ဝိုင်အမှတ် ၃ ဆင်းရွှေလီသကြားစက်ရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ရာ အမျိုးသား ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ ထို့အပြင် သကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက် နေ့ကလည်း နောင်ချိုမြို့နယ် ၊ လုံစံကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက် တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၁၂) နှစ်အရွက် ကလေးငယ် (၁) ဦး သေဆုံးပြီး အရပ်သား ပြည်သူ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်းလည်း နောင်ချိုမြို့အတွင်းသို့ အကြမ်းဖက် စစ်ကောင်တပ် က ဂျက်ဖိုက်တာဖြင့် ပေါင်း (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...