Shan State News

Shan State News

၁၀၂၇ စစ်ဆင်ရေး (၁) နှစ်ပြည့်နေ့တွင် နမ့်ခမ်းမြို့နှင့် လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲ

 

D Day News

အောက်တိုဘာလ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ယနေ့အောက်တိုဘာလ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး၏ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ တွင် နမ့်ခမ်း မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နံနက် ၇ နာရီ ၃၅ မိနစ် တစ်ကြိမ်၊ ၇ နာရီ ၄၅ မိနစ် တစ်ကြိမ်နှင့် ၈ နာရီ ၁၄ မိနစ်အချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

“တစ်မနက်လုံး လေယာဉ်က အခေါက်ခေါက်အခါခါ ပျံနေတာ။ အခုတော့ ဗုံးကျဲသွားပြီ။ ဘယ်နား ကြဲလဲတော့ မသိရသေးဘူး။ ပေါက်ကွဲသံက အရမ်းကိုကျယ်ပါတယ်။ မြို့ထဲဘက်နဲ့တော့ နည်းနည်း လှမ်းတယ်။ နမ့်ခမ်းတောင်ပေါ်ဘက်ထင်တယ်။ ၁၂ မိုင်တောင်ပေါ် ဖြစ်ဖို့များတယ်” ဟု နမ့်ခမ်းမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA သိမ်းပိုက်ထားသော လောက်ကိုင်မြို့ကို ၂ ကြိမ် ကြဲချ သွားကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၂၀ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၂၇ မိနစ် အချိန်တို့တွင် စစ်လေယာဉ်များဖြင့် လောက်ကိုင်မြို့ရှိ စွမ်းဖုန်ချိန်(Shuang feng cheng)ဧရိယာ၌ ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ရာ ဟိုတယ်အဆောက်အအုံအများအပြားနှင့် အစားအစာရောင်းဝယ်

လမ်း ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အခြားအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သော်လည်း ကံကောင်း ထောက်မစွာ ဒဏ်ရာရရှိသူ တစ်ဦးမျှ ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။

 

ထို့ပြင် လက်ရှိ တံတားဦးလေတပ်၊ နေပြည်တော်ဧလာ လေတပ် အပါအဝင် လေတပ်စခန်းများမှ လေယာဉ်များ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ တောက်လျှောက်တက်နေကြောင်း လေ ကြောင်း သတင်းအချက်အလက်များအရ သိရှိရသည်။

 

ယနေ့သည် အကြမ်းဖက်စစ်ကောင်စီကို အထိနာစေခဲ့သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း စတင်ခဲ့သည့် ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...