Sesi News

Sesi News

ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေး ရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ အများပြည်သူသွားလာရာလမ်းမများပေါ်နှင့် တောင်ယာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ပြည်သူများ ထိတ်လန့်ကြောက်ရွှံ့စွာနေထိုင် ကြရကြောင်း သိရသည်။

 

https://youtu.be/e4cmvYSueEg

အကြမ်းဖက်စစ်ကောင်စီသည် ပအိုဝ်းဒေသကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်တိုက် ခိုက်ကာ နေ့စဉ်နှင့်အမျှ ဖျက်ဆီးလျက်ရှိပြီး ကလေးငယ်များအပါအဝင် ဒေသနေပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း၊ ထို့အပြင် ပအိုဝ်းလူမျိုးတို့ အထွဋ်အမြတ်ထားသည့် ဘာသာရေး အဆောက် အဦးများလည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...