Sesi News

Sesi News

ဆီဆိုင်မြို့အနောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ငယ် ၃ လက်နှင့် ကားတစ်စီး သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၁၇

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အနောက်ဘက်တွင် တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်ငယ် ၃ လက်နှင့် ကားတစ်စီး သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့က ဆီဆိုင်မြို့ အနောက်တောင်ဘက် တနေရာကို စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင် တွေ့ခဲ့ရပြီး  လက်နက်ငယ် ၃ လက်နှင့် မော်တော်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၅ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ် အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ဧပြီလ ၁၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုး သားလွတ် မြောက်ရေးတပ်မတော်(PNLA)တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၁၁ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ပြီး အောင်ပန်းမြို့ ကုတင် ၇၀၀ ဆေးရုံသို့ ပို့ဆောင်ကုသထားစဉ် ၂ ဦးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါ စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ယာဉ်တန်းတစ်ခုလုံးဖျက်ဆီးနိုင်ခဲ့ကြောင်း ဒူရက စစ် ကြောင်းက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၈ ရက်မွန်းတည့် ၁၂ နာရီခန့်က ထားဝယ်မြို့ဘက်မှ...