Seikphyu News

Seikphyu News

ကပစ ၂၁ စက်ရုံရှိ စစ်ရေးပစ်မှတ် နေရာ ၂၀ ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စက်ရုံ ထိခိုက် ပျက်စီး

 

D Day News

ဧပြီလ ၁၇

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံရှိ စစ်ရေးပစ် မှတ် နေရာ ၂၀ ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စက်ရုံထိခိုက်ပျက်စီးမှုရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဧပြီလ ၁၆ ရက် နံနက် ၉ နာရီခန့်က ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (C3C) မှ ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျုဟာ ပစ်မှတ်များအနက် တခုဖြစ်သည့် ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၁ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်စက် ရုံရှိ စစ်ရေးပစ်မှတ်နေရာ ၂၀ ခုကို ပြည်သူ့ကာကွယ် ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်း တပ်ဖွဲ့ များက တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေး ခရိုင် အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေး ပစ်မှတ်နေရာများ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး အမှတ် (၂၁) ကာ ကွယ် ရေးပစ္စည်းစက်ရုံ၏ ထိခိုက်ပျက်စီးမှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံး ချုပ်က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါ စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ယာဉ်တန်းတစ်ခုလုံးဖျက်ဆီးနိုင်ခဲ့ကြောင်း ဒူရက စစ် ကြောင်းက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၈ ရက်မွန်းတည့် ၁၂ နာရီခန့်က ထားဝယ်မြို့ဘက်မှ...