Seik Phyu News

Seik Phyu News

ဆော -ဆိပ်ဖြူလမ်းပိုင်းတွင် စစ်တပ်ထောက်ပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံး

 

D Day News

ဩဂုတ်လ ၈

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူလမ်းပိုင်း တနေရာတွင် စစ်ယာဉ်တန်းကို မိုင်း ဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Yenanthar Youth Force LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ထွက် လာသော ရိက္ခာပို့ကား ၂ စီး၊ စစ်ကား အကြီး ၂ စီးတို့ကို ဆော -ဆိပ်ဖြူလမ်းပိုင်း တနေရာတွင် နောက်ဆုံးမှ လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ပြီး ၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကားလည်းပျက်စီးသွားကြောင်း သိရသည်။

 

“စခ ၃ ဦးသေတာ မျက်မြင်အတည်ပြုနိုင်တယ်။ နောက်ဆက်တွဲက မသိရဘူး။ ကျနော်တို့လည်း နောက်တန်းကို တန်ပြန်ဆုတ်လာခဲ့ရတာမို့ပါ။ ဘယ်သွားဖို့လည်း မသိရဘူး။ အထွက်ပဲ ကျနော်တို့ သိရတယ်။ ပစ္စည်းတွေ သယ်နေတာလို့တော့ သတင်းရတယ်၊ လမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ မိဘပြည်သူတွေအနေနဲ့ စကစ ယာဉ်တန်းတွေနဲ့ ဝေးဝေးနေပေးကြဖို့နဲ့ ကျနော်တို့ အဖွဲ့ရဲ့ ဒရုန်းကမ် ပိန်းလေးကို ဝိုင်းဝန်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်”ဟု Yenanthar Youth Force LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Yenanthar Youth Force LPDF ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆိပ်ဖြူမြို့နယ် CAF ပကဖတိုက်ခိုက်ရေးအဖွဲ့ နှင့် ပခုက္ကူခရိုင် အမှတ်-၁၉ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာတ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရဟု TNLA ပြော

စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာတ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရဟု TNLA ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း ၊လက် နက်ကြီးများဖြင့် တိုက်ခိုက်နေမှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။   ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီက...