Seik Phyu News

Seik Phyu News

ဆိပ်ဖြူ -ပေါက်လမ်းပေါ် မိုင်းကွင်းပေါ်တည့် တည့် မနက်စာရင်ပြင်ဆင်နေသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၆

 

အလားတူ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပေါက်လမ်းမပေါ် ချတောက်ရွာထိပ်တွင် ထမင်းစား ရန်ပြင် ဆင်နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီခန့်က ဆိပ်ဖြူမြို့နယ်၊ ထမ္မခေါက်ကျေးရွာ စစ်တပ်အထိုင်တပ် စခန်းမှ စစ် သား ၂၀ ခန့်သည် ဆိပ်ဖြူ-ပေါက် လမ်းမပေါ်သို့ လုံခြုံရေးယူရန် ရှေ့ကင်းထွက်လာပြီး ပုံမှန်ရပ် နား နေကျ ချတောက်ရွာထိပ် တစ်နေရာအရောက် အသင့်ကြိုထောင်ထားသော မိုင်းကွင်း၌ ရပ်နား၍ နံနက်စာ စားရန်ပြင်ဆင်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး ပြီး ၄ ဦးမှာ ခြေပြတ်လက်ပြတ် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့က ကပစ လာတဲ့ကားတွေကို လမ်းကင်းယူပေးတယ်၊ ခရီးသွားကားတွေကိုလည်း စစ်ဆေးပြီး ဆက်ကြေးကောက်တယ်။ ပုံမှန်လုပ်နေကြဆိုတော့ ကျနော်တို့က ကြိုတင်ပြီး မိုင်းထောင်ထားခဲ့တာ၊ ရောက်လာပြီး မိုင်းကွင်းပေါ်ကို ငုတ်တုတ်ထိုင်ပြီး မနက်စာ စားဖို့ပြင်နေတဲ့အချိန်မှာ မိုင်းခွဲ လိုက် တာ၊ အရာရှိက ဒုဗိုလ် လို့တော့ သိရတယ်။ ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့ ၄ ဦးကိုတော့ အဲဒီနား ရွာထဲက ဘုန်ကြီးကျောင်းထဲက ကားနဲ့ ဆိပ်ဖြူဆေးရုံကိုသယ်သွားတယ်၊ ဆိပ်ဖြူဆေးရုံက မရတော့ မိတ္ထီလာဆေးရုံကို သယ်သွားတယ်လို့ သတင်းရထားပါတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံ ကိုသူရိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ဆိပ်ဖြူမြို့ နယ် ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့...