Seik Phyu News

Seik Phyu News

ဆိပ်ဖြူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

 

D Day News

ဇွန်လ ၂၁

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ ကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – NSP ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက် နံနက် ၅ နာရီခန့်က ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ယာဉ်တန်းကို လုံခြုံရေးယူပေး ရန် ထမ္မကောက်ကျေးရွာအထိုင်စခန်းမှ ‌အကြမ်းဖက်စစ်တပ် ရှေ့ကင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေပိုင်းတွင် ဆိပ်ဖြူမြို့ပေါ်မှ ကပစ ၂၂ သို့ ထွက်လာသော ရိက္ခာတင်အကြမ်းဖက်စစ် ကား ၃ စီးကို ဆယ်မိုင် လမ်းဆုံ အကြမ်းဖက်စစ်တပ် ဂိတ်အနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး ပွဲချင်းပြီးသေဆုံးပြီး နေရာမှာပင် မြေ မြှုပ် သင်္ဂြိုလ်ပစ်ခဲ့ကြောင်း၊ နေပြည်တော်ဆေးရုံသို့ သယ်ဆောင်သွားသည့်စစ်သားများအနက် ၃ ဦး ထက်မံသေဆုံးခဲ့ကြောင်း သိရသည်။

“ဆိပ်ဖြူကနေ ကပစ ၂၂ ကို ကားတွေထွက်လာတဲ့ကားတွေကို ထမ္မကောက်မှာရှိတဲ့ စခတွေကနေ ရှေ့ ကင်းထွက်လာတာ၊ အဲဒီအချိန်မှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ၊ အဲဒီတိုက်ပွဲ မှာက ရဲဘော်တစ်ဦးကျတာ၊ အပြန်အလှန်ပစ်ခတ်ရင်းပဲ ကျဆုံးသွားရတာပါ။ သေတဲ့အထဲမှာ အမျိုး သမီးစစ်သည်တွေပါ သေတာလို့ သတင်းရတယ်။ ကျနော်တို့ကတော့ ရှိတဲ့အင်အားနဲ့ ရှိတဲ့လက်နက် ခဲယမ်းနဲ့တော်လှန်ရေးကို ရှေ့ဆက်နေမှာဖြစ်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း ထောက်ပံ့ကူ ညီပေးပါလို့‌မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – NSP မှ သတင်းပြန်ကြားရေးတာဝန်ခံ သူရိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) နှင့် ပခုက္ကူ ခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှု အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...