Seik Phyu News

Seik Phyu News

ဆိပ်ဖြူ၊ ကပစ ၂၂ မှ တပ်သားတစ်ဦး နွားအုပ်ဖြင့် ကင်းလှည့်စဉ် မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဇွန်လ ၂၁

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ အကြမ်းဖက်စစ်သားတစ်ဦးသည် နွားအုပ်ဖြင့် ကင်းလှည့် ထွက်လာရာ နင်းမိုင်းကို နင်းမိပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

 

ဇွန်လ ၁၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ အကြမ်းဖက်စစ်သား တစ်ဦးသည် နွားကျောင်းသားဟန်ဆောင်ကာ နယ်မြေကင်းလှည့်စဉ် ဆိပ်ဖြူမြို့မြောက်ပိုင်း တပ်ရင်း ၄ မှ မုန်တိုင်းအဖွဲ့နှင့် တကိုယ်တော်ကျားဆိုးတို့ပူးပေါင်းကာ ထောင်ထားသည့် မိုင်းကို တက်နင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိကာ ကပစ ၂၂ တပ်ရင်းအတွင်း ဆေးကုသနေကြောင်း သိရသည်။

 

“ကပစ ၂၂ က စခတစ်ဦး နွားကျောင်းရင်း ကင်းပတ်တာ မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရသွား တယ်၊ သူတို့ ကပစ ၂၂ ထဲမှာ ဆေးကုနေတယ်၊ မိုင်းထောင်တဲ့နေရာက ကပစ ၂၂ ရဲ့အစပ်နေရာမှာ ပဲ။ နွားအုပ်နဲ့ ကင်းပတ်တာကို နွားတွေတော့ မထိဘူး။ စခပဲ နင်းမိတာ။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ကျွန်စုမြို့နယ်၊ မဲတောကျေးရွာ အုပ်ချုပ်ရေးမှူးအောင်မြင့်ကို ဝင်ရောက်ဖမ်းဆီး၊ စစ်တပ်က ရမ်း သမ်းပစ်ခတ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန်ကြိုးစားမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၇   တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီး...