Seik Phyu News

Seik Phyu News

ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု အကြမ်းဖက် စစ်သား ၅ ဦးသေဆုံး

D Day News

မေလ ၁

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ် သား ၅ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)ထံမှ သိရသည်။

 

ဧပြီလ ၂၇ ရက်နေ့က ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသော စစ်ကား ၁ စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်း တစ် နေရာ၌ အသင့်စောင့်ကြိုပစ်ခက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၂ ဦး သေဆုံးကာ စစ်သား အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလးတူ ဧပြီလ ၃ဝ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ၁ဝ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော စစ်ကား ၂ စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်း တစ်နေရာအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား ၁ စီး မိုင်း ထိမှန်ခဲ့ပြီး ယင်းကားပေါ်လိုက်ပါလာသည့် စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) ၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃) NSP တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...