Seaik Phyu News

Seaik Phyu News

ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၁ မှ ထွက်လာသော စစ်တပ်ထောက်ပို့ကားယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၇

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သပြေရွာနှင့် ကျောင်းရွာကြားတွင် ကပစ ၂၁ မှ ထွက်ခွာလာသော စစ်တပ်ထောက်ပို့ကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Caf-Spupdf မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၆ ရက် နံနက် ၉ နာရီ ၄၂ မိနစ်အချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ လက်နက် ခဲယမ်းများ တင်ဆောင်ပြီး ဆော – ဆိပ်ဖြူလမ်းအတိုင်း ထွက်လာသော ထောက်ပို့ကား ၂ စီးမှ ရှေ့ ပြေး ပွိုင့်ကားကို ကြိုတင်စောင့်ဆိုင်းကာ ကားမိုင်းအကြီးစား ၆ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

https://youtu.be/QJbhDNAi-aM

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားမှာ လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး ကားပေါ်ပါ အကြမ်းဖက် စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ကျန်အကြမ်းဖက်စစ်သားများလည်း အပြင်းအထန် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး CAF မြေလတ် ပကဖ နှင့် ဆိပ်ဖြူ ပလဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဆိပ်ဖြူ CAF မြေလတ်ပကဖတပ်ဖွဲ့သည် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း လက်နက်ခဲယမ်းများ ထောက်ပံ့ပါဝင်ကူညီပေး ကြပါရန် မေတ္တာရပ်ခံထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂...