Saw Township News

Saw Township News

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွာခြင်းမရှိပဲ ကျောက်ထုအမြောက်တပ်မှ စစ်သားများက အနိမ့်ကျေး ရွာမှ‌ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီး

 

D Day News

ဩဂုတ်လ ၄

 

မကွေးတိုင်း၊ ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျောက်ထုမြို့အမြောက်တပ်မှ စစ်သားများ က အနိမ့်ကျေးရွာရှိနေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် အစောပိုင်း ၂ နာရီခန့်တွင် ကျောက်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ အမြောက်တပ် ၃၆၈ မှ စစ်သား ၁၂၀ ခန့်သည် မင်းကျေးရွာဘက်မှ တဆင့် လက် ပန်း၊ ပဆုပ်ကျေးရွာများကို ဖြတ်ကျော်ကာ အနိမ့်ကျေးရွာသို့ နံနက် ၁၀ နာရီအချိန်စတင်ဝင် ရောက် ၍ ပြည်သူများ၏ လူနေအိမ်များအား စတင်မီးရှို့ဖျက်ဆီးကြောင်းကြောင်း သိရသည်။

 

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၃၀ ခန့်ရှိသော အနိမ့်ကျေးရွာမှ နေအိမ် ၁၈ လုံးမီးလောင် ပြာကျခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း မွန်းလွဲ ၂ နာရီအချိန်တွင် လာရာလမ်း အတိုင်း ပြန်လည်ထွက်သွားကာ ညနေ ၆ နာရီအချိန်တွင် ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ တပ်ရင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

Photo – ဩဂုတ်လ ၃ ရက်နေ့တွင်အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့သော အနိမ့်ကျေးရွာနေအိမ် များအားတွေ့ရစဉ်

 

“ကျောက်ထုဖက်မှာ တိုက်ပွဲမဖြစ်ဝာာအတော်ကြာပြီ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့က ကျောက်ထု အမြှောက်တပ်ထဲမှာ အိမ်ထောက်ကျနေတဲ့ အနိမ့်ကျေးရွာက အမျိုးသမီးတစ်ဦး တပ်ထဲမှာ မနေချင် တော့လို့ ထွက်ပြေးတာရှိတယ်လို့ ကြားတယ်။ ဒါမဲ့ သူက အနိမ့်ရွာတော့ ပြန်ရောက်မလာဘူး။ သူ ထွက် ပြေးလို့ မီးလာရှို့တဲ့ သဘောမျိုးပဲ။ အဓိကကတော့ ကျောက်ထုတပ်ထဲမှာရှိနေတဲ့ ယောနယ် ကလူတွေ ထွက်မပြေး ရဲအောင်နဲ့ ထွက်ပြေးရင် ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တာ၊ သူတို့ ရှို့ချင်ရင် ဘယ်ရွာမဆို ရှို့နေတာပါပဲ” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

ကျောက်ထုအမြောက်တပ်အတွင်း၌ အိမ်ထောင်ကျနေသူ အနိမ့်ကျေးရွာ အမျိုးသမီးထွက်ပြေးမှုနှင့် ပတ်သက်၍ အမတ ၃၆၈ တပ်ရင်းမှူး ဘုန်းဝင်းကို အထက်အရာရှိများက ဆဲဆိုခဲ့ကြောင်း၊ ထိုသို့ ဆဲဆိုခံရမှုကြောင့် တပ်ရင်းမှူး ဘုန်းဝင်းက မကျေမနပ်ဖြစ်ကာ အနိမ့်ကျေးရွာကို အင်အား အများ အပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အ ပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၇ နယ်မြေ၊...