Saw News

Saw News

ဆောမြို့နယ်၊ တောမကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး နေအိမ် ၁၁ လုံးပျက်စီး

 

D Day News

မေလ ၁၄

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယနေ့ မေလ ၁၄ ရက် ညနေ ၃ နာရီခန့်က ဆောမြို့နယ်၊ တောမကျေးရွာ အတွင်းသို့ အကြမ်းဖက် စစ် ကောင်စီ၏ တံတားဦးမြို့လေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ လူနေအိမ် ၂ လုံး မီးလောင်းကျွမ်းခဲ့ပြီး လူနေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ်ပေါ်ရှိ အသက် ၈ လနှင့် ၅ နှစ်အရွယ်ကလေး  ၂ ဦးအပါအဝင် ၇ ဦးသေ ဆုံးပြီး ၉ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဒဏ်ရာမပြင်းထန်သော်လည်း ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

“သေသွားတဲ့အထဲမှာ ၈ လသားလေးနဲ့ ၅ နှစ်အရွယ်ကလေး ၂ ဦးက ယောက်ျားလေးတွေဗျဓ နေအိမ် ၂ လုံးကတော့လုံးဝပြာကျသွားတယ်။ ၉ လုံးကတော့ ရစရာမရှိအောင်ပျက်စီးသွားတာ။ ကလေးတွေ နှစ်ဦးအပါအဝင်အမျိးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးသေဆုံးတယ်။ ၉ ဦးလောက်ကတော့ ဒဏ်ရာပြင်း ထန်တယ်။ တစ်ချို့ပြည်သူတွေလည်း ဒဏ်ရာအနည်းအကျဉ်းလောက်ရတာအများကြီးရှိတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယခုတစ်ပတ်အတွင်း ဆောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူ ထုအပေါ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ကြိမ်ရှိပြီး မေလ ၉ ရက်နေ့က ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်မှုသည်လည်း ဘုန်းကြီးကျောင်း လုံးဝ ပျက်စီးကာ ပြည်သူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင် သေဆုံး ၇၀ ဦးကျော်ရှိ   သံလွင်မြန်မာသတင်း ဇွန် ၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင်ထိခိုက်သေဆုံးသူ ၇၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း...