Saw News

Saw News

ဆောမြို့နယ်တွင် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားခြင်းမပြုရန် ဆော PDF ထုတ် ပြန်

 

D Day News

ဧပြီလ ၂၉

 

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ည ၈ နာရီအချိန်မှ နံနက် ၄ နာရီ အချိန်အတွင်း ဖြတ်သန်းသွား လာခြင်းမပြုကြရန် ဆော PDF တပ်ဖွဲ့က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

မကွေးတိုင်း၊ ဂန်ဂေါခရိုင်၊ဆောမြို့နယ်၊အမှတ် ၃ ပြည်သူကာကွယ်ရေးတပ်ရင်း နှင့်အမှတ် ၅ ပြည် သူကာကွယ်ရေးတပ်ရင်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း နယ်မြေ မတည်ငြိမ်မှုများ ဖြစ်ပေါ် လျက်ရှိ ကြောင်း၊ ထိုအခြေအနေများကိုတည်ငြိမ်မှုရှိစေရေးအ တွက်အသက်ဆိုင်ရာကွပ်ကဲ ရေး အုပ်ချုပ်ရေး အဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေးကာ ဆောမြို့ပေါ်ဧရိယာအတွင်း အောက်ပါ ဒေသန္တာရအမိန့်များ ထုတ် ပြန်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

 

(က) မြို့တွင်း ဝင်ထွက်သွားလာမည့် မည်သူမဆိုတပ်ရင်းစစ်ဆေးရေးဂိတ်များမှ လိုအပ်‌သော စစ် ဆေးမှု များပြုလုပ်သည်ကို ကောင်းမွန်စွာ ခံယူကြပါရန်။

 

(ခ) ည (၈:၀၀) နာရီမှ နံနက် (၄:၀၀) နာရီအတွင်း မြို့တွင်းတွင် မည်သည့်အဖွဲ့ မည်သည့်ပုဂ္ဂိုလ်မှ သွားလာခြင်းမပြုလုပ်ရပါ။

 

(ဂ) ည ကန့်သတ်ကာလအတွင်း အရေးပေါ်အခြေနေများ ကျန်းမာရေးကိစ္စများအတွက် မဖြစ်မနေ သွား လာလှုပ်ရှားရန်ရှိပါက မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်မဆို နယ်မြေခံတပ်ရင်းထံ ကြိုတင် အသိပေး အကြောင်းကြားပီးမှသာ လှုပ်ရှားဆောင်ရွက်ကြပါရန်။

 

(ဃ) မြို့တွင်းသို့ လက်နက်နှင့်ဖြတ်သန်းသွားလာခြင်းများအား မြို့ဝင်စစ်ဆေးရေးဂိတ်တွင် သတင်း ပို့ ပီးမှသာ ဖြတ်သန်းသွားလာခြင်း ပြုကြပါရန်။

 

အထက်ပါ ဒေသန္တာရတည်မြဲအမိန့်များအား လိုက်နာဆောင်ရွက်ပေးကြပါရန်နှင့် လိုက်နာပူးပေါင်း ဆောင်ရွက်ခြင်းမရှိ၍ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာရှိလာပါက သက်ဆိုင်ရာကာယကံရှင်၏ တာဝန် သာ ဖြစ်ပြီး နယ်မြေခံတပ်ရင်းများမှ တာဝန်ယူနိုင်မည် မဟုတ်ပါကြောင်း အသိပေး မေတ္တာရပ်ခံ ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...