Salingyi News

Salingyi News

ဝမ်ပေါင်ယန်စီကုမ္ပဏီမှ ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၇

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းပေါ်ရှိ ဝမ်ပေါင်ယန်စီကုမ္ပဏီမှ ကင်းပုန်းဝပ် ရန်ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Brother Defense Force အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၇ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းနယ်မြေ၊ ဝမ်ပေါင် ယန်စီကုမ္ပဏီရုံးခန်းမှ မုံရွာ -ပုသိမ်းပေါ်၌ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို အသင့်ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး ပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ပို့ ပြည်သူများ၏ ကူညီလှူဒါန်း ပေးမှုများ လိုအပ်လျက်ရှိဖြင့် ဝိုင်း ဝန်း ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ရှား သွားလာကြရန် အသိပေးထားသည်။

Photo – Brother Defense Force တပ်ဖွဲ့ဝင်များ မိုင်းထုတ်လုပ်ပြင်ဆင်နေကြစဉ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့နယ်၊ ဗောဓိတထောင်တာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့ထောင် ထားသည့် မိုင်းနင်းမိကာ ပေါင်ပြတ်သေဆုံးပြီး ယင်းအလောင်းသယ်ရန် ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်မှု ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၈   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့...