Salingyi News

Salingyi News

ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် စစ်သားများတပ်စွဲထားသည့် နေရာများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး

 

D Day News

ဇူလိုင်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် အကြမ်းဖက်စစ်သားများ တပ်စွဲ ထားရာနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း Chin Dwin Dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက် နံနက် ၈ နာရီခန့်က စ၍ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး ၊ ဆေးရုံ၊ မင်းကန်ကြီး ၊ တာဝတိံသာကျောင်း တို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို Fixed Wings Dones များ၊ 40 mm၊ 60 mm၊ 80 mm ၊ 120 mm လက်နက်ကြီးများဖြင့် ဗုံး သီး အလုံးရေ ၁၀၀ ကျော်ကို ၂ နာရီကျော်ကြာသည်အထိ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာများပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မြေပြင်မှ နေရာ ၃ ခုမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆေးရုံကုန်းမှ အကြမ်းဖက်စစ်သားသည် စွန့်ခွာထွက်ပြေးသွားကြောင်း၊ ဘုန်း ကြီးကျောင်းအတွင်း တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

မွန်းလွဲ ၂ နာရီခန့်တွင် မင်းကန်ကြီးဘောင်၌ နေရာ အကြမ်း ဖက်စစ်တပ် ဘန်ကာကို ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ ကျည်ပြတ်လပ်မှုနှင့်ကြုံတွေ့ရကာ ကျည်ဖြည့်တင်းပြီးတိုက်ခိုက်ခဲ့ပြီး ည ၇ နာ ရီ ခွဲခန့်အထိ အပြင်းအထန် တိုက်ပွဲ ၅ ကြိမ်ထက်မနည်ဖြစ်ခဲ့ကြောင်း သိရသည်။

 

အထိနာသော အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

‌အဆိုပါ တိုက်ခိုက်မှုကို Chin Dwin Dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ ၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Saligyi)၊ ယင်းမာပင်ခရိုင် တပ် ရင်း ၃၅ ၊ တပ်ခွဲ ၃ ၊ တပ်စိတ် ၁  5/Fighter (Monywa) ၊ Fighter Nine Force(Salinbgyi) ၊ SPDF (Salingyi) ၊ မျက်လုံးစစ်ကြောင်း ၊ သေမင်းတမန်အဖွဲ့၊ မျိုးဆက်သစ်လူငယ်အဖွဲ့ ၊ အာဏာရှင်တော် လှန်ရေးအဖွဲ့ ၊ SRAအောင်ကြီးအဖွဲ့ ၊ ဖီးနစ်အဖွဲ့ ၊ ဒေါင်းတမာန်အဖွဲ့ ၊ နောင်ကြီးအဖွဲ့ ၊ CDF ၊ ဗိုလ် ယက္ခ ၊ Under Ground အဖွဲ့၊ အာဠာဝကအဖွဲ့၊ ပ.လ.ဖ ၊ မဏိမြွေပွေး ၊ မုံရွာခရိုင်တပ်ရင်း၂၇ Black Dragon ‌Doneအဖွဲ့ ၊ Brave Heart Army(BHA) ၊ Chindwin Fighter Group(C.F.G) နှင့် ဗမာလွတ် မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BNDF) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...