Salin News

Salin News

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၈

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ ရာ စစ်ကြောင်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၅ ရက်နေ့က စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် အကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးဖြစ်သူ အပါအ ဝင် အရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/DUvEtlX1Xrg

“ဇွန် ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်ဖြစ်တာ၊ အခုတော့ စလင်းမြို့ကို ပြန်ဆုတ်သွားပြီ၊ ဒဏ် ရာ ရတဲ့သူတွေက ဆေးရုံမှာလို့ သတင်းရတယ်။ လာတုန်းကတော့ ခြေလျင်ပါ။ ပြန်ဆုတ်တော့ ဒဏ် ရာ သူတွေများလို့ ကားနဲ့လာကြိုသွားပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ စလင်း (ပကဖ) ၊ ဒေါင်းစစ်အောင် ၊ SLN LPDF ၊ မကွေးခရိုင် တပ်ရင်း ၁ ၊ မကွေးတိုင်းလက်ရုံး ဒရုန်းအဖွဲ့နှင့် မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...