Sagaing News

Sagaing News

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း BGS & Rocket Ayadaw Drone Force ထံမှ သိရသည်။

 

အောက်တိုဘာလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာန ချုပ် – နမခမှ ထွက်လာသော အင်အား ၁၂၀ ပါခန့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဘုတလင် မြို့တောင်ဘက်၊ ကျောက်အိုးရွာအနီးအရောက် ယာယီခေတ္တရပ်နားနေစဉ် ဒရုန်းဖြင့် လက်လုပ် ၁၂၀ မမ ဗုံးသီး ၅ လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းအကြမ်းဖက်စစ်ကြောင်းသည် အောက်တိုဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဘုတလင်မြို့တွင်းသို့ ဝင်ရောက်သွားပြီး မြဝတီခန်းမဆောင်အတွင်း၌ စခန်းချနေထိုင်ခဲ့ ကြကြောင်း သိရသည်။

 

ထိုသို့ မြဝတီခန်းမဆောင်အတွင်း စခန်းချနေသော အကြမ်းဖက်စစ်သားများနှင့် ဘုတလင်မြို့ မီး သတ်စခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများကိုလည်း ဒရုန်းဖြင့် ၁၂၀ မမ လက်လုပ် ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး ထပ်မံကြဲချခဲ့ရာ အကြမ်းဖက်စစ်သားမှာကြောက်ရွှံ့သွားသဖြင့် အထုပ်အပိုးများ ယူပြီး မြို့တွင်းနေရာအချို့၌ လူစုခွဲကာ ပြောင်းရွှေ့တပ်စွဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်မှုရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုအား BGS & Rocket Ayadaw Drone Force၊စွန်ရဲ Drone Force နှင့် မုံရွာ ခရိုင် တပ်ရင်း(၂၀) BOB၊ တပ်ရင်း (၁၉) ၊ ဒေသကာကွယ်ရေး ရဲဘော်များ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...