Sagaing News

Sagaing News

ပင်လယ်ဘူးမြို့မကျစေရေး စစ်သားအင်အားအများအပြားပို့ဆောင်ပြီး လေကြောင်း၊ ကြည်းကြောင်း အင်အားအပြည့်ခုခံခဲ့သော်လည်း အကြမ်းဖက်စစ်သား အများအပြား သေဆုံးကာ KIA ၊ PDF တပ်ဖွဲ့ များက သိမ်းပိုက်ရရှိ၊ မြို့သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ

 

D Day News

အောက်တိုဘာလ ၈

 

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မကျစေရေး အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ကြည်းကြောင်း အင်အား အပြည့်ဖြင့် ခုခံနေသော်လည်း အကြမ်းဖက်စစ်သား အများအပြားသေဆုံးကာ KIA ၊ PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ်အဖြစ် ပြန်လည် သိမ်းပိုက်လိုက်ကြောင်း ဒေသ သတင်း ရင်းမြစ်များထံက သိရသည်။

 

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ပင်လည်ဘူးမြို့ကို ခုခံကာကွယ်နေသော နောက်ဆုံးလက်ကျန်ရဲစခန်းနှင့် စစ်တပ်စခန်းကုန်းမှ စစ်သားများသည် လက်နက်ချအညံ့ခံခဲ့ရာက  KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်း သိရသည်။

 

“ပင်လည်ဘူးမြို့ ဒုတိယအကြိမ် Sold out ပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲ ယမ်း သိမ်းဆည်းရရှိမှု အခုအထိတော့ စာရင်းမရသေးပါဘူး။ စစ်ကူတွေလည်း ကြားဖြတ် တိုက်ခိုက် ချေမှုန်းခံရတာ တောထဲမှာ အပုံလိုက်သေတယ်။ စစ်ကူလည်းရောက်မလာ။ စခန်းထဲမှာလည်း ဒဏ် ရာရတဲ့သူတွေကများ၊ ထွက်ပြေးတဲ့သူတွေကလည်းပြေးနဲ့ဆိုတော့ အကုန်လုံးစိတ်ဓာတ်ကျပြီး လက်နက်ချလိုက်တာ” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက လည်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ် များ က ပထမ အကြိမ် အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် စစ်ကောင်စီက အပြင်း အထန် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များက ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။

 

ယခုအခါ အကြမ်းဖက်စစ်ကောင်စီက ပင်လည်ဘူးမြို့တွင်းကို လေကြောင်းဖြင့် အသားကုန်ဗုံးကြဲ တိုက်ခိုက်နေပြီး အသေးစိတ်အခြေကို သိရှိရခြင်း မရှိသေးပေ။

ဓာတ်ပုံ- စက်တင်ဘာလ ၆ ရက်နေ့က ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းစစ်သုံ့ပန်း ၈၀ ကျော်နှင့် အတူ သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက် ပွဲဖြစ်   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော်-TNLAတို့...