Sagaing News

Sagaing News

အထက်အမိန့်အရ ပြည်သူကို သတ်ဖြတ်၊အိမ်များအား မီးရှို့ခဲ့ရဟု ဘုတလင်တိုက်ပွဲဖမ်းဆီးခံရ​သော စစ်သုံ့ပန်က ဝန်ခံထွက်​ဆို

 

D Day News

အောက်တိုဘာလ ၇

 

ပြည်သူများအား သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများအား စစ်တပ်အကြီးအကဲများ ၏ အမိန့်ကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း  ဘုတလင်မြို့နယ်တွင် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စစ် ကောင်စီတပ်သား အောင်စိုးမိုးဆိုသူက ပြောကြားသည်။

 

​အောက်တိုဘာ ၆ ရက် ညပိုင်းက ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ ကို မေးမြန် ထားသည့် ရုပ်သံဖိုင်ကို မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း ( BOB)တပ်ဖွဲ့က ထုတ်ပြန်ရာ၌ အဆိုပါ တပ်သားများက ဝန်ခံပြောထားခြင်းဖြစ်သည်။

 

စက်တင်ဘာလ ၃၀ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာ သော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်း လက် အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့ကြောင်း သိရသည်။

https://youtu.be/ecbmTC9TPIw

“ကျွန်တော်တို့ အမေတွေ အဖေတွေအရွယ်တွေလောက် ရှိပါတယ်။ ကျွန်တော့်အမေအရွယ်လောက် ရှိပါတယ် တွေ့ဖူးတဲ့ပြည်သူတွေက။ ကျွန်တော်တို့ သူတို့အပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ တာတွေ၊ ဖမ်းခေါ်ပြီးတော့ အပြစ်မရှိဘဲနဲ့ အော်ဟစ်ရမ်းတာတွေ၊ မတရားသဖြင့် အိမ်တွေမီးရှို့တာ တွေက အကြီးအကဲတွေရဲ့ တပ်မတော်စစ်ဗိုလ်တွေရဲ့ အာဏာပေးမှုကြောင့်မို့ အမိန့်နာခံခဲ့ရတာပါ။ မဖြစ်မနေလုပ်ခဲ့တဲ့ ရပ်ရပ်တွေအတွက်လည်း အားလုံးကို ဝန်ချကန်တော့ပြီးတော့ တောင်းပန်ချင်ပါ တယ်ဗျ။”ဟု အမှတ် ၃၆၂ ခြေမြန်တပ်ရင်းမှ တပ်သားအောင်စိုးမိုးဆိုသူကပြောကြားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မုံရွာ-အရာတော်လမ်းပိုင်းတွင် အင်အား ၁၆၀ ကျော်​ပါ မုံရွာ   တ​ပ်နယ်လုံခြုံရေးအဖွဲ့ဖြင့် အရာတော်မှ သင်တန်းသားများအား လာရောက်ခေါ်ယူစဥ် ကျေးရွာ တစ်ရွာအရောက် ဗိုလ်ကြီးအောင်သူဇင်က မီးရှို့ခိုင်း၍ တပ်ကြပ်ရဲသူရနှင့်အတူ နေအိမ်တစ်အိမ်၏ မီးဖိုချောင်အား ဝင်ရောက်မီးရှို့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အလားတူ ဘုတလင်မြို့မရဲစခန်းမှ ရဲတပ်သား အေးမင်းဟိန်းဆိုသူကလည်း အိမ်များမီးရှို့ခြင်းမရှိ သော်လည်း ရွာတွေသွားလျှင် အဝတ်အစားများ ယူလာလေ့ရှိကြောင်း၊ စစ်ကောင်စီက ၎င်းတို့အား ပြည့်ပြည့်စုံစုံထောက်ပံ့မှုမပေးနိုင်ကြောင်း ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...