Sagaing News

Sagaing News

ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

 

D Day News

စက်တင်ဘာလ ၃၀

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၅ ရက်မှ စက်တင်ဘာလ ၂၇ရက်နေ့ အထိ ရွှေဘိုမြို့နယ်၊ သီလုံးပျူ ကျေးရွာရှိ အထိုင် ကင်းစခန်းကို Drone ဗုံးသီး ၅ လုံး၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပန်းရံရွာပျူစစ်ဆေးရေး ဂိတ်စခန်း၌ ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မင်္ဂလာရွာ ပျူကင်းစခန်းကို ဒရုန်း ဖြင့်ဗုံးသီး ၂ လုံး နှင့် ဇီးကုန်းလေးရွာပျူဘန်ကာကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုများအတွင်း သီးလုံးပျူရွာကို ရောက်ရှိနေသော ဇီးဖြူကုန်းရွာမှ ပျူ မောင် ကောင်း နှင့် မင်္ဂလာရွာမှ ပျူ ၁ ဦး စုစုပေါင်း ပျူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ M .S . N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (ဝလ) ၊ စွန်ရဲရွှေဘို ဒေသခံ ၊ ရွှေဘိုအားမာန် ၊ (LDF) ၊ BO BA Taw ၊ shwe bo FederalArmy ၊ Snake Eye ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘို သားပြည်သူကာကွယ်ရေးအဖွဲ့ ၊ YAUNG NI ၊ HG FIGHTRS ၊ Zay Yar Thawed ၊ EYE FOR EYE ၊ Flying Dragon Force ၊ ကိုသူရိန် အဖွဲ့၊မဟာမိတ် ဖြစ်သေား ရွှေဘိုခရိုင် တပ်ရင်း (၄) ဗိုလ်လင်း ရောင်(ဒပယ) ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနက ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၄၂...