Sagaing News

Sagaing News

မြင်းမူမြို့နယ် ဘိုးမင်းကြီးလမ်းခွဲရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ ဦးဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၃၀

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲရှိအကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း M.D.F ဒရုန်း ကျားခင်စိန် အဖွဲ့ ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ‌ ခေါ် မြောင်လမ်းခွဲ၌ အင်အား ၃၅ ဦးဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို Shar Htoo Waw နည်းပညာသုံး Fixed Wings ၅ စီးဖြင့် Drop Bomb ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကြံတိုင်းအောင်စစ်ဆင်ရေးတွင် ပါ၀င်သော M.D.F ဒရုန်း ကျားခင်စိန် အဖွဲ့၊ Peacock Drone Team-Myaung ၊ STANDARD REVOLUTION FORCE SRF-MMU ၊ စစ်ကိုင်း ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း၊ ငါးဇွန်း အားမာန့်သစ် Black Eagle အဖွဲ့တို့နှင့် နယ်မြေခံ PDF များ အတူတကွပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာ၌ တွေ့ရှိရသော အလောင်းများမှာ တိုက်ပွဲ အတွင်း သေဆုံးသွားသော စစ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင် သုခက ပြောကြားသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်...