Sagaing News

Sagaing News

ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ကန်ဒေါင့်ရဲစခန်းကို ရိက္ခာပို့လာသည့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာမှ ကန်ဒေါင့်နယ်မြေရဲစခန်းကို ရိက္ခာပို့လာသည့် စစ် ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ABSDF Column – 3 ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၉ ရက် ညနေ ၂ နာရီ ၅၁ မိနစ်တွင် ပုလဲမြို့နယ်၊ အင်မထီးရွာပျူစောထီး စခန်းမှ ကန်ထောင့်ရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်၍ ပြန်လည်ထွက်ခွာလာသည့် အင်အား ၆၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှုကို မိမိတို့ ABSDF အမှတ် ၃ စစ်ကြောင်း အမှတ် ၁၄ တပ်ရင်း ၊ NUG-MOD ဗျူဟာစစ်ကြောင်း ၊ ပုံတောင်တိုက်ဂါး PDF နှင့် Eagle 1 PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြမ်းဖက်စစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က အင်မထီးကျေးရွာ ပျူစော ထီးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ပေါ်မှ လေထီးဖြင့် ချပေးသည့် ရိက္ခာ၊ ခဲ ယမ်းများကို ကန်ဒေါင့်နယ်မြေရဲစခန်းသို့ လာရောက်ပို့ပေးခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KNU - မြိတ်-ထားဝယ်ခရိုင်သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။ ဩဂုတ်လ ၉ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်...