Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၂၈

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက် ဆက် တိုက် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးကာ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း တို့ ကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ်တွင် စံပါယ်နံ့သာကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီ၏ အထိုင်စခန်းမှနေရ  ရေရှင်ကြီးရွာအတွင်းသို့  Drone ဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ရေရှင်ကြီးရွာအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိ ခိုက်ဒဏ်ရာရရှိသူများ အနက် ဦးခင်ဆွေ(နေရပ် ကျောက်မြောင်းဘက်ဟုသိရ)ခရီးသွား အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တချိန်တည်းမှာပင် အောင်တိုင်းလယ်ကျေးရွာကိုလည်း Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ ကျော် အရွယ် ဒေါ်ရွှေ အား ဗုံးသီး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းကလည်း စံပါယ်နံ့သာကျေးရွာ၌ အထိုင်ချတပ်စွဲထား သောအကြမ်းဖက်စစ်သားများသည် စံပါယ်နံ့သာရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာအထိ စစ် ကြောင်းထိုးကာ ၂ မိုင်တောတိုက်အတွင်းနေ အမျိုးသမီးတစ်ဦးကိုပစ်ခတ်သတ်ဖြတ်ကာ ၎င်းတို့ အ ထိုင် စခန်းဖြစ်သည့် စံပါယ်နံ့သာစခန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ယနေ့ စက်တာင်ဘာ ၂၈ ရက်နေ့ နံနက်တွင် စံပါယ်နံ့သာရွာ အထိုင်စခန်းမှ အကြမ်းဖက်စစ်သားများ သည် ၎င်းတို့ စခန်းနှင့် ၄ မိုင်ခန့်အကွာရှိ မှန်နီပင်ရွာအတွင်းသို့ Drone ဖြင့် ဗုံးသီး ၂ လုံး ကြဲချ တိုက် ခိုက်ခဲ့ရာ မှန်နီပင်ရွာနေ အသက် ၅ နှစ်အရွယ် မဖူးဝေအပါအဝင် ညီအစ်မအရင်းဖြစ်သည့် မအိအိ ခိုင် (၃၅) နှစ်၊ မအိအိနိုင် (၂၅) နှစ်နှင့် ဒေါ်လှော် (၅၀) နှစ်တို့ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူများကို ပစ်မှတ်ထားပြီး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက် ၂ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ မှ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က အနီးအနားကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် နေမှုကြောင့် ကျေးရွာနေပြည်သူများမှာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...