Sagaing News

Sagaing News

ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၂၆

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦး မြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် ည ၁၀ နာရီ မိနစ် ၂၀ အချိန်က ခင်ဦးမြို့နယ် အရှေ့မြောက် ခြမ်းမှာရှိ ရှားလွင်ကျေးရွာကို တံတားဦးမှ တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် Y 12 လေ ယာဉ်ဖြင့် ၃ ကြိမ်တိတိ ရွာ၏ ပတ်လည် နေရာ ၃ ခုကို ဗုံးသီး လုံးရေ ၁၅ လုံးခန့် အကြောင်းမဲ့ကျဲ ချပြီး လေယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးအပြင်းအထန်ဒဏ်ရာအပါအဝင် ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှားလွင်ကျေးရွာကို ပြီးခဲ့သည့် ဩဂုတ် (၂၁) ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ် က အကြောင်းမဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ ပြည်သူ (၃) ဦး နှင့် အိမ်မွေး တိရစ္ဆာန်များ ထိခိုက်မှုရှိခဲ့ကြောင် သိရသည်။

 

လွန်ခဲ့သော ၂ နှစ်ခန့်က အကြမ်းဖက်စစ်သားများက ရှားလွင်ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာသူ ရွာသားများမှာ ကျေးရွာအတွင်းနေထိုင်နိုင်ခြင်းမရှိတော့ပဲ ရွာ အပြင်ဘက်ရှိ ကိုယ်ပိုင်လယ်တောနှင့် ယာခင်းများအတွင်း၌ ယာယီတဲများထိုးကာ နေထိုင်နေကြ ရ သူများဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းပစ်ခတ်မှုကြောင့် မိမိတို့ လယ် ယာများအတွင်း၌ပင် နေထိုင်ရဲခြင်းမရှိတော့ပဲ နီးစပ်ရာ ကျေးရွာများနှင့် ဆွေးမျိုးသားချင်းများရှိရာ နေရာများသို့ ပြောင်းရွှေ့နေကြရပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောဆို ထားသည်။

 

သြဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ် တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၃၀ နီးပါး ရှိခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံးကာ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသနေပြည်သူများမှာ လေယာဉ်သံကြားပါက စိုးရိမ် ထိတ်လန့်နေကြရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...