ဗန်းမောက်မြို့ကို စစ်တပ်နှင့် SNA ပြည်သူ့စစ်ပူးပေါင်း အဖွဲ့က ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ရဲစခန်းမီးလောင် (ရုပ်သံ)

ဗန်းမောက်မြို့ကို စစ်တပ်နှင့် SNA ပြည်သူ့စစ်ပူးပေါင်း အဖွဲ့က ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ရဲစခန်းမီးလောင် (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၇

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီနှင့် SNA ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ က ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ရဲစခန်းမီးလောင်လျက်ရှိကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ဗန်းမောက်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်လာပြီး ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲစခန်းအတွင်းရှိ အဆောက်အအုံအချိ့မီးလောင်ခဲ့ ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီချန်နယ်နှင့် SNA လော်ဘီချန်နယ်များက PDF တပ်ဖွဲ့က မီးရှို့သည်ဟု မမှန်မကန်သတင်းများ ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

ဗန်းမောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ ၁ လကျော်ကြာ မြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ကလည်း မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယခု Video ဖိုင်သည် စစ်ကောင်စီတပ်ဖွဲ့နှင့် SNA ပြည်သူ့စစ်တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် မီးလောင်နေသည့် ဖိုင်ဖြစ်ပြီး စစ်ကောင်စီဝင်တစ်ဦးမှ SNA အား ဝါဒဖြန့်ရန် ညွှန်ကြားနေ သည့် ဗီဒီယိုဖိုင် ဖြစ်ကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်းက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပေါက်မြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး (ရုပ်သံ)

ပေါက်မြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး သွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တပ်ဖွဲ့က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၇...