သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၁၀ မိနစ် တွင် တစ်ကြိမ်နှင့် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် တစ်ကြိမ် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ညောင်ပင် သာကျေးရွာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့အောက်တိုဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ရွှေဘိုမြို့နယ်၊ သပြေရင်း ကျေးရွာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရ သည်။
“ညောင်ပင်သာရွာမှာကတော့ ထိခိုက်မှုမရှိပါဘူး။ သပြေရင်းရွာမှာက ရဲဘော်တစ်ဦး ကျပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အလားတူ ယနေ့အောက်တိုဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ကလည်း တန့်ဆည်မြို့နယ် တနေရာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လောသော ဂျိုင်းရိုကော် ပတာ (Gyrocopter) ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media