စစ်ကိုင်းတိုင်းအတွင်း၌ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်၏ ထောက်တိုင်များအဖြစ် သတ်မှတ် ကာ ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်

စစ်ကိုင်းတိုင်းအတွင်း၌ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်၏ ထောက်တိုင်များအဖြစ် သတ်မှတ် ကာ ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၅

စစ်ကိုင်းတိုင်းအတွင်း၌ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်၏ ထောက်တိုင်များအဖြစ် သတ်မှတ် ကာ ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း က ထုတ်ပြန်သည်။

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း၌ ကျားဖျင့်ခေါ်အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်များ ပိုမို များ ပြားလာနေပြီး အကြမ်းဖက်စစ်ကော်မရှင်အနေဖြင့် နိုင်ငံတကာသို့ အသံကောင်းဟစ်ကာ အဆို ပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အပေါ်ယံနှိမ်နင်းဟန် ပြုနေသော်လည်း ငွေကြေးလိမ်လည်မှု အ များစုမှာ စစ်ကော်မရှင်ခန့် ဝန်ကြီး၊ ဒုဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် အကြမ်းဖက်စစ်ကော် မရှင်၏ ထိပ်ပိုင်းအာဏာရှင်များနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း အသိ ပေးထားသည်။

“ဒီကျားဖြန့်တွေက စစ်ကိုင်းတိုင်းအတွင်းမှာ ဝင်ရောက်လာတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျနော်တို့က ဒီဟာကို ကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့။ အများသောအားဖြင့် နိုင်ငံတကာမှာလည်း မြန်မာ နိုင်ငံနယ်စပ်တွေမှာ ထုနဲ့ထည်နဲ့ လုပ်ကိုင်နေပါ တယ်ဆိုတဲ့နာမည်ဆိုးက တော်တော်ထွက်နေပြီ။အများစုကတော့ ဒီဟာတွေက အကြမ်းဖက် စစ် ကော်မရှင်နဲ့ သူတို့နဲ့ပူးပေါင်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ကြိုးကိုင်ဆောင်ရွက်နေတာပဲ။ အကြမ်း ဖက်စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲကတောင်မှ ပါဝင်ပတ်သက်နေကြတာပဲ။ ဒါပေမယ့် အပြင်ဘက်မှာ ဟန်ပြအားဖြင့် နိုင်ငံတကာအကြိုက်လိုက်ပြီးတော့ ဒါတွေကို နှိမ်နင်းပါဆိုပြီး ဟန်ပြ လုပ်ပြနေပေမယ့် ထဲထဲဝင်ဝင်က သူတို့နဲ့ ဆက်နွှယ်ပြီးတော့ လုပ်ကိုင်နေတာ။ ကျားဖြန့်လုပ်ငန်း တွေက ကျနော်တို့နိုင်ငံအတွက်လည်း နာမည်ဆိုးထွက်သလို နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ် မှုတွေဖြစ်လာပြီ။ ဒီဟာနဲ့ပတ်သက်လို့ ထိခိုက်နစ်နာတဲ့သူတွေကလည်း ကမ္ဘာအရပ်ရပ်မှာ ဖြစ်လာ နေပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့လည်း ကျနော်တို့ဒေသမှာလည်း ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်ပွားလာခဲ့ရင် လက်မခံဖို့၊ ဒါတွေကအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတွေလို့ အခိုင် အမာ ယူဆတဲ့အတွက်ကြောင့် စစ်ကောင်စီထောက်တိုင်လုပ်ရပ်တွေလို့ပဲ ရှုမြင်ပါတယ်။ ပြည်သူ လူထုအနေနဲ့လည်း အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေရဲ့ သးကောင်ဘဝရောက်မသွားဖို့ အထူးဂရုပြု ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း ဥက္ကဌ ကိုစိုးဝင်းဆွေက ပြောကြားသည်။

သို့ဖြစ်ပါ၍ ကျားဖျင့်ခေါ်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား အကြမ်းဖက်စစ်ကော်မရှင်၏ ထောက်တိုင် များအဖြစ် သတ်မှတ်ပြီး မိမိတို့ဒေသတွင်းတွင် ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်ဖြစ်‌ ကြောင်း စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မိဘပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း အဆိုပါ အွန်လိုင်းငွေကြေးလိမ်ဂိုဏ်းများ၏ သားကောင် ဘဝ မရောက်ရစေရန် အထူးသတိပြုနေထိုင်ကြရန်နှင့် မိမိတို့အနီးဝန်ကျင်တွင် အဆိုပါအွန်လိုင်း ငွေ ကြေး လိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက လက်မခံဘဲ ဝိုင်းဝန်းပူးပေါင်း ဆန့်ကျင်၊ တိုက်ဖျက်သွားကြရန် တိုက်တွန်းထားသည်။

ကျားဖျင့်ခေါ်အွန်လိုင်းငွေကြေးလိမ်လည်ဖျား‌ယောင်းမှုဖြစ်စဉ်များသည် ဒေသတွင်းပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ယင်းလုပ်ငန်းများကို ဦးစီးလုပ်ကိုင်ကြသူများ သည် လူဆိုးဂိုဏ်းကြီးများအဖြစ် ကြီးထွားလာကာ နိုင်ငံတကာအသိုက်အဝန်း၏ အကျိုးစီးပွားကိုပါ ထိပါးလာနေကြောင်း စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PDF ရဲဘော် တစ်ဦး ကျဆုံး

ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PDF ရဲဘော် တစ်ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့‌ အောက်တိုဘာလ ၂၅ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀...