သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေမှုကြောင့် ဒေသနေ ပြည်သူ တစ်သောင်းဝန်းကျင် စစ် ဘေးရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်အဖွဲ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းမှစတင်၍ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း ဌာန မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ များ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့ရာ ဒေသနေပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အများအပြား စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ထို့အပြင် ယနေ့အချိန်ထိ ဝမ်ပေါင် ယန်စီ စီမံကိန်းဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်က အင် အား ဖြန့်ကျက်ကာ စစ်ကြောင်းထိုးမှုများလည်း ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝမ်ပေါင် ယန်စီ စီမံကိန်းဝန်းကျင်ကျေးရွာများမှ ဒေသနေပြည်သူ ၅,၀၀၀ ဝန်းကျင်ခန့် ထပ်မံ စစ်ရှောင်နေကြ ရပြီး ဆားလင်းကြီးမြို့နယ်အတွင်း၌ယာယီစစ်ရှောင်အရေအတွက် တစ်သောင်း (၁၀,၀၀၀) ဝန်းကျင် ခန့်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

“အရင်ရက်က စစ်ကြောင်းကြောင့်ရယ်၊ ဒီရက်ပိုင်း စစ်ကြောင်းကြောင့်ရယ် ဒေသခံပြည်သူတစ် သောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။ ဒီ့အတွက် အရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်ချက်ရှိနေပါ တယ်။ ပြီးတော့ ကျနော်တို့နယ်မှာကျတော့ မီးရှို့ခံထားရလို့ ရွေ့ပြောင်းနေကြရတဲ့ ရေရှည်စစ်ရှောင် တွေလည်းရှိနေတယ်။ ရေရှည်စစ်ရှောင်တွေအတွက်လည်း စနစ်ကျပြီး ထိရောက်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအစီအမံတွေ လိုအပ်နေပါတယ်” ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ၏ ဆားလင်းကြီးမြို့နယ်တာဝန်ခံက ပြောကြားသည်။
ထို့အပြင် စစ်ကောင်စီအထိုင်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပါရာမော်တာ များ၊ လေယာဉ်များ၊ Gyrocopter များဖြင့် လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
ထို့ကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် ဆေးဝါး၊ စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီပေးကြပါရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်လိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media