သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို  ပစ်မှတ်ထား၍ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသောကြောင့် ဘာသာရေး၊အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများ ပြုလုပ် ကျင်းပရာတွင် ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ စသည်တို့ဖြင့် ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းများ မပြုလုပ် ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယခုအချိန်ကာလအပိုင်းအခြားအတွင်း၌ အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထု အစုအဝေးများရှိ သော နေရာများကို ပစ်မှတ်ထား၍ paramotor စက်တပ်လေထီးများနဖြင့် လည်းကောင်း ၊ ဂျက် ဖိုက်တာများဖြင့်လည်းကောင်း ဗုံးကျဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသောကြေင့် မိဘ ပြည်သူများအနေဖြင့် ဘာသာရေး၊အလှူပွဲ၊မင်္ဂလာဆောင်ပွဲများပြုလုပ်ကျင်းပရာတွင် ဆိုင်းဝိုင်း၊ အ ငြိမ့်၊ ဇာတ်ပွဲစသည်တို့ဖြင့် ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“စစ်ကော်မရှင်ဖက်ကနေ လူစည်ကားတဲ့ ၊ လူစုလူဝေးရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဦးတည်ပြီး တိုက်ခိုက်နေတာ သိသိသာသာ ပိုများလာလို့ ပြည်သူတွေ ထိခိုက် ဆုံးရှုံးမှု နည်းပါး စေ ရေအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ရတာဖြစ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဒီပဲယင်းမြို့နယ် ပအဖ၊ပကဖ၊ပလဖ တို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံး မျက်နှာစုံညီအစည်းအဝေးပြုလုပ်၍ အောက်တိုဘာလ ၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းကြေငြာချက်အား မလိုက်နာပဲ ဖောက်ဖျက်ကျူးလွန်ပါက ကျူးလွန်သူ၏ တာဝန် ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိ အမြဲထားရှိကာ လေကြောင်း အန္တရာယ်ကို အထူးဂရု စိုက်နေထိုင်ပေးကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့ နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အ သက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၇ ဦး...