သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၀
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်တင်ဘာလ ၂၂ ရက် နေ့က အရာတော်မြို့နယ်၊ မင်းရွာဘက် သို့ဝင်ရောက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ နှင့်တော်လှန်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ အနေ ဖြင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့နယ် စစ်မျက်နှာများနှင့် စစ်ကိုင်းမြို့ပတ်ဝန်းကျင် များရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ကို တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media