သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး သံပြားကာ ကားဖြင့် သယ်ဆောင်သွားကြောင်း မုံရွာမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မုံရွာမြို့နယ်၊ စီးပွားရေးတက္ကသိုလ်၌ တပ် စွဲထားသော ခြေလျင်အကြမ်းဖက်စစ်သားများ ၁၀၀ ခန့်သည် သံပြားကာ ကား ၂ စီးဖြင့်ကျောက္ကာ လမ်းမပေါ်ရှိ ရွှေဂူနီဘုရားတွင် တပ်စွဲထားသော စစ်သားများထံ ရိက္ခာပို့ရန်ထွက်လာခဲ့ကြောင်း သိရ သည်။
ထိုသို့ ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက မုံရွာ -ကျောက္ကာလမ်းမပေါ် ထနောင်းဝင်းကျေးရွာနှင့် ကျောက္ကာကျေးရွာအရောက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စ၍ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားအများအပြား ထိခိုက်သေဆုံးကာ မုံရွာမြို့ဘက်သို့ သံပြားကာကားများဖြင့် သယ်ဆောင်သွား ကြောင်း သိရသည်။
“ထိတွေ့တိုက်ပွဲက ၁ နာရီဝန်းကျင်လောက်ကြာတယ်၊ ထိသေဆုံးတဲ့သူတွေကို သံပြားကာ ကားတွေ နဲ့ ပြန်တင်သွားတာ၊ အရေအတွက်ကတော့ အတည်ပြုလို့မရဘူး။ သံပြားကာကား ၂ စီးက အရင် တက်လာတာ။ နောက်ကနေမှ ခြေလျင်စစ်သား အင်အား ၁၀၀ လောက်ကပ်လိုက်တာ။ ကားတွေကို မတိုက်ပဲ နောက်ကခြေလျင်စစ်ကြောင်းကိုပဲ ဖြတ်တိုက်တာ။ ထိခိုက်သေဆုံးတဲ့စခတွေကို မုံရွာမြို့ ကို ပြန်သယ်သွားတယ်လို့ ယူဆရတယ်။ ရိက္ခာတွေကတော့ ရွှေဂူနီအထိရောက်သွားပါတယ်” ဟု မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force ၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၂ ၊ ၃ ၊ ၄ ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူး တိုက် ခိုက်ရေး အဖွဲ့- Tribal Force ၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့- မုံရွာ Special ဒိတ်ဒိတ် ကြဲ ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နှင့် ဒေသခံရပ်ကျေးပကဖ များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media